Wednesday, July 1, 2026

တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိ

တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW (၂) လုံးမှ 240 KWနှင့် 300 KVA ဒီဇယ်ဓါတ်အားပေးစက်ရုံမှ 180 KW...

စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ဇွန် ၃၀ ရက် နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်...

ရန်ကုန်–မော်လမြိုင် DEMU အမြန်ရထား စတင်ပြေးဆွဲ၊

ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည် မြန်မာ့မီးရထားသည် ရန်ကုန်–မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးနောက်...

အယ်လ်နီညိုကြောင့် ဖြစ်လာနိုင်သည့် ရာသီဉတုအခြေအနေများကို ကြိုတင်သုံးသပ်ပြင်ဆင်ထားရန်...

ဒုဋ္ဌဝတီဆင့်ကဲရေအားလျှပ်စစ်စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရန်လည်း မှာကြား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်စစ်ဆေးစဉ် ထိုသို့ မှာကြားခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးသည် ရာဂီမုန်တိုင်း...
HomeMoviesမိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း(၁၉) ကျောင်းတွင်...

မိုင်းကိုင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း(၁၉) ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်နေ လျှောက် ထားသူရှိပါက ဦးစားပေးခန့်ထားမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်ရှိ အခြေခံ ပညာစာသင်ကျောင်း(၁၉)ကျောင်းတွင် ဆရာ၊ ဆရာမများလစ်လပ်လျက်ရှိ၍ လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားမည်ဟု ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနေမျိုးလှိုင်က ပြောသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အ စည်းအဝေး(၁၆)ရက်မြောက်နေ့ဖြစ်သည့် ဇွန် ၃၀ ရက်တွင် မိုင်းကိုင်မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းမွှေး၏ ” မိုင်းကိုင်မြို့နယ်တွင် ကျောင်းပေါင်း(၁၉)ကျောင်းမှ ဆရာ၊ ဆရာမများလစ်လပ်နေခြင်း၊ ဆရာ(၁)ဦးတည်းသာတာဝန်ထမ်းဆောင်နေရခြင်းများကြောင့် လစ်လပ်နေသောနေရာများကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ”မေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အ တွင်း ဆရာ၊ ဆရာမများ လုံးဝလစ်လပ်နေသည့်ကျောင်း(၁၉)ကျောင်းရှိရာ ယင်း ကျောင်းများတွင်တက်ရောက်နေသည့် ကျောင်းသား/သူများသင်ကြားသင်ယူမှုမဆုံးရှုံးစေရန် မြို့နယ်အတွင်းရှိ ကျောင်းအုပ်စုအလိုက် ဆရာအင်အားပြည့်မီသောကျောင်းများမှ ဆရာ၊ ဆရာမများအား ယင်း ကျောင်းများ၌တွဲဖက်သင်ကြားရန်ဆောင်ရွက်ထားသည်ဟု ပြောသည်။

ထို့ပြင် ဆရာလစ်လပ်လျက်ရှိသော ကျောင်းများတွင် ယခင်နှစ်များအတိုင်း ဆက်လက်တွဲဖက်တာဝန်ထမ်းဆောင်စေပြီး ကျောင်းနေအရွယ်ကလေးများ၏ ပညာ ရေးနှောင့်နှေးမှုမရှိစေရန် ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းဆင်းဆရာ၊ ဆရာမများအား သတ်မှတ်မူနှင့်အညီ လစ်လပ်နေရာများဖြည့်ဆည်းခန့်ထားပေးခြင်း၊ ရာထူးတိုး/ပြောင်းကိစ္စများဆောင်ရွက်ချိန်တွင် လျှောက်ထားသူရှိပါက ဦးစားပေးခန့်ထားပေးမည်ဟု ပြောကြားခဲ့သည်။
 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးလျက်ရှိ

တီးတိန်မြို့အား ဇာရွှီးရေအားလျှပ်စစ်စက်ရုံရှိ 200 KW (၂) လုံးမှ 240 KWနှင့် 300 KVA ဒီဇယ်ဓါတ်အားပေးစက်ရုံမှ 180 KW တို့ဖြင့် လျှပ်စစ်ဓါတ်အားကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအား...

စားသုံးသူကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ဇွန် ၃၀ ရက် နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာအစိုးရဌာနများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို...

ရန်ကုန်–မော်လမြိုင် DEMU အမြန်ရထား စတင်ပြေးဆွဲ၊

ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည် မြန်မာ့မီးရထားသည် ရန်ကုန်–မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးနောက် လေအေးပေးစက်တပ်ဆင်ထားသည့် ခေတ်မီ DEMU လူစီးအမြန်ရထားကို ဇူလိုင် ၁ ရက်မှစတင်၍ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုအဖြစ် မြေသားတာပေါင်ကျဉ်းသော နေရာများကို မြေဖို့ခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်းခြင်းနှင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်းတို့ကို ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးနောက် ရထားအမြန်နှုန်းကို တစ်နာရီလျှင် အများဆုံး ၇၅ ကီလိုမီတာအထိ ပြေးဆွဲနိုင်လာခဲ့သည်။ ထို့ကြောင့် ယခင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071