Wednesday, April 23, 2025

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...
HomeInternationalမိုက်ကယ်ဂျက်ဆန်၏ ဘဝအကြောင်း ပြန်လည်ရိုက်ကူးမည့်...

မိုက်ကယ်ဂျက်ဆန်၏ ဘဝအကြောင်း ပြန်လည်ရိုက်ကူးမည့် ရုပ်ရှင်ကားတွင် မိုက်ကယ်အဖြစ် တူဖြစ်သူ ဂျအာဖာက သရုပ်ဆောင်သွားမည်

မိုက်ကယ်ဂျက်ဆန်၏ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးပုံဖော်မည့် “Michael” ဟု အမည်ပေးထားသော ရုပ်ရှင်ဇာတ်လမ်းတွင် တူဖြစ်သူ ဂျအာဖာ ဂျက်ဆန်သည် အဓိကဇာတ်ကောင်ဖြစ်သည့် မိုက်ကယ်နေရာမှ သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အသက် ၂၆ နှစ်အရွယ် ဂျအာဖာသည် မိုက်ကယ်၏ အစ်ကိုဖြစ်သူ တေးရေးဆရာ ဂျာမိန်း ဂျက်ဆန်၏ ဒုတိယမြောက်သားဖြစ်ပြီး အဆိုပါ ရုပ်ရှင်သည် သူ့အတွက် ပထဆုံးသော ရုပ်ရှင်ကား ဖြစ်လာမည်ဖြစ်သည်။

“ဂျအာဖာက ကျွန်မရဲ့သားကို ပြန်လည်မြင်ယောင်မိစေတယ်။ ဖျော်ဖြေရေးသမားတွေနဲ့ သရုပ်ဆောင်တွေကို မွေးထုတ်ပေးတဲ့ ဂျက်ဆင်မိသားစုရဲ့ အမွေအနှစ်ကို ဂျအာဖာ တစ်ယောက် ဒီလိုမျိုး ဆက်လက်ထိန်းသိမ်းတာကို မြင်ရတော့ အရမ်းကို ဝမ်းသာပါတယ်” ဟု မိုက်ကယ်၏ မိခင်ဖြစ်သူ ကက်သရင်း ဂျက်ဆန်က ပြောကြားခဲ့သည်။

ညီအစ်ကိုမောင်နှမ ဆယ်ယောက်ရှိသော မိုက်ကယ်ဂျက်ဆန်၏ မိသားစု အကုန်လုံးနီးပါးသည် အနုပညာပိုးပါသူများဖြစ်သော်လည်း ထိုထဲမှ မိုက်ကယ်သည် အအောင်မြင်ဆုံး တစ်ကိုယ်တော် အနုပညာရှင်ဖြစ်ပြီး ပေါ့ဘုရင်ဟု တင်စားရသည်အထိ အောင်မြင်ခဲ့သူဖြစ်သည်။ မိုက်ကယ်သည် အသက် ၅၀ အရွယ် ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

မိုက်ကယ်၏ နေရာတွင် သရုပ်ဆောင်နိုင်မည့် လူကို ကမ္ဘာ့အနှံ့ လိုက်လံရှာဖွေခဲ့သော်လည်း မိုက်ကယ်၏ စိတ်ဓာတ်နှင့် ပင်ကိုယ်စရိုက်ကို ဂျအာဖာလောက် မည်သူမှ သဘာဝကျကျ သရုပ်မ ဆောင်နိုင်ကြောင်း အော်စကာဆုရ “Bohemian Rhapsody” ရုပ်ရှင်ကို ထုတ်လုပ်ခဲ့သူ ဂရေဟမ် ကင်းက ပြောလာခဲ့သည်။

Source: The Guardian

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှ-ားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071