Tuesday, August 4, 2026

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက်...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ...

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...
HomeNewsLocal Newsမဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေး ပညာရေးစနစ်ဖြင့်...

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေး ပညာရေးစနစ်ဖြင့် စတင် ကျောင်းအပ်လက်ခံ

(Unicode)

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေး ပညာရေးစနစ်ဖြင့် စတင် ကျောင်းအပ်လက်ခံ

လာမည့် ၂၀၂၂_ ၂၀၂၃ ပညာသင်နှစ်အတွက် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)က စရိတ်မျှပေးပညာရေးစနစ်ဖြင့် ကျောင်းသားကျောင်းသူများကို စတင်ကျောင်းအပ်လက်ခံလျှက်ရှိကြောင်း အဆိုပါကျောင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်စိုး(ဓမ္မဒူတ)ကပြောသည်။

ယခင် ပညာသင်နှစ်များတွင် အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးခဲ့သော်လည်း ၂၀၂၁_ ၂၀၂၂ ပညာသင်နှစ်မှစတင်ကာ စားရိတ်မျှပေး ပညာရေးစနစ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စရိတ်မျှပေးပညာရေးစနစ်ကို ဆောင်ရွက်ရခြင်းသည် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုများကြောင့် ကျောင်းတည်ထောင်သူ မဟော်သဓာဆရာတော် ဓမ္မဒူတ အရှင်ပညာဝရအနေဖြင့် တရားပွဲများလက်ခံကျင်းပနိုင်ခြင်းမရှိခြင်း၊ ထို့ကြောင့် ကျောင်းအား ယာယီပိတ်ထားရန် အစီအစဉ်ရှိခဲ့သော်လည်း ကျောင်းသားကျောင်သူများ၏ ပညာရေးကို ငဲ့ကွက်သဖြင့် အခြားသော ဆရာတော်ကြီးများနှင့်တိုင်ပင်ကာ စရိတ်မျှပေးပညာရေးစနစ်ဖြင့် လက်ခံသင်ကြားပေးရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းသည် နေရာထိုင်ခင်းအရ ကျယ်ဝန်းသည့် ကျောင်းတစ်ကျောင်းဖြစ်သည့်အတွက် ကျောင်းသူကျောင်းသားများအိပ်ဆောင်တွင် တစ်ဦးနှင့် တစ်ဦး ခြောက်ပေခြားစီ ထားရှိပြီး၊ ကျောင်းသားကျောင်းသူနှစ်ဦးလျှင် အိမ်သာ တစ်လုံးကျစီ ထားရှိပေးကြောင်း သိရသည်။

မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၊ငွေ့နံ့သာကျေးရွာ တွင်တည်ရှိကာ ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သော ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။

(Zawgyi)

မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္)က စရိတ္မွ်ေပး ပညာေရးစနစ္ျဖင့္ စတင္ ေက်ာင္းအပ္လက္ခံ

လာမည့္ ၂၀၂၂_ ၂၀၂၃ ပညာသင္ႏွစ္အတြက္ မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္)က စရိတ္မွ်ေပးပညာေရးစနစ္ျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားကို စတင္ေက်ာင္းအပ္လက္ခံလွ်က္ရွိေၾကာင္း အဆိုပါေက်ာင္း၏ သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ကိုသူရိန္စိုး(ဓမၼဒူတ)ကေျပာသည္။

ယခင္ ပညာသင္ႏွစ္မ်ားတြင္ အခမဲ့ပညာေရးစနစ္ျဖင့္ သင္ၾကားေပးခဲ့ေသာ္လည္း ၂၀၂၁_ ၂၀၂၂ ပညာသင္ႏွစ္မွစတင္ကာ စားရိတ္မွ်ေပး ပညာေရးစနစ္ကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဆိုသည္။

စရိတ္မွ်ေပးပညာေရးစနစ္ကို ေဆာင္႐ြက္ရျခင္းသည္ ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္မႈမ်ားေၾကာင့္ ေက်ာင္းတည္ေထာင္သူ မေဟာ္သဓာဆရာေတာ္ ဓမၼဒူတ အရွင္ပညာဝရအေနျဖင့္ တရားပြဲမ်ားလက္ခံက်င္းပႏိုင္ျခင္းမရွိျခင္း၊ ထို႔ေၾကာင့္ ေက်ာင္းအား ယာယီပိတ္ထားရန္ အစီအစဥ္ရွိခဲ့ေသာ္လည္း ေက်ာင္းသားေက်ာင္သူမ်ား၏ ပညာေရးကို ငဲ့ကြက္သျဖင့္ အျခားေသာ ဆရာေတာ္ႀကီးမ်ားႏွင့္တိုင္ပင္ကာ စရိတ္မွ်ေပးပညာေရးစနစ္ျဖင့္ လက္ခံသင္ၾကားေပးရန္ ေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ဆိုသည္။

ထို႔အျပင္ မေဟာ္သဓာ ကိုယ္ပိုင္အထက္တန္းေက်ာင္းသည္ ေနရာထိုင္ခင္းအရ က်ယ္ဝန္းသည့္ ေက်ာင္းတစ္ေက်ာင္းျဖစ္သည့္အတြက္ ေက်ာင္းသူေက်ာင္းသားမ်ားအိပ္ေဆာင္တြင္ တစ္ဦးႏွင့္ တစ္ဦး ေျခာက္ေပျခားစီ ထားရွိၿပီး၊ ေက်ာင္းသားေက်ာင္းသူႏွစ္ဦးလွ်င္ အိမ္သာ တစ္လုံးက်စီ ထားရွိေပးေၾကာင္း သိရသည္။

မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္ ၊ေငြ႕နံ႔သာေက်း႐ြာ တြင္တည္ရွိကာ ၂၀၁၆ ခုႏွစ္မွ စတင္ဖြင့္လွစ္သင္ၾကားေပးခဲ့ေသာ ေက်ာင္းတစ္ေက်ာင္းလည္း ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ငဝန်တာ တာတမံ နိမ့်ကျကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့် ပြည်သူများအတွက်ဟု အကြောင်းပြကာ မသမာသော နည်းလမ်းများဖြင့် ငွေကြေး လိုက်လံ ကောက်ခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စေတနာရှင် အလှူရှင်များ၏ ဖြူစင်သော သဒ္ဓါတရားဖြင့် လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများမှာ ဘေးသင့်ပြည်သူများထံ အမှန်တကယ် မရောက်ရှိဘဲ...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ ၂ သောင်းကျော် ရေဘေးသင့်၊ ထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ​လေးမျက်နှာ၊ ဩဂုတ် ၄

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာနှင့် ရပ်ကွက်များမှ ပြည်သူ ၂ သောင်းကျော် ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။ ​အဆိုပါ ရေကျော်စီးဝင်မှုကြောင့် ဩဂုတ် ၄ ရက်နေ့အထိ စာရင်းများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၅၇ ရွာမှ အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စု၊...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071