Tuesday, May 19, 2026

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့...

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ...

ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်မှ မီးလေ-ာင်ပျ-က်စီးနေအိမ်များ ဖျက်သိမ်းရှင်းလင်းမှု...

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးနေအိမ်များကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်၊ နေအိမ်ပိုင်ရှင်ကိုယ်တိုင်အစီအစဥ်တို့ဖြင့် ဖျက်သိမ်းရှင်းလင်းခြင်းများကို မေ ၁၆ ရက်မှစတင်၍ဆောင်ရွက်လျက်ရှိသည်။ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာန်အောင်လမ်းနှင့်...
HomeNewsLocal Newsမန္တလေးသား မြန်မာ့လက်ဝှေ့ ဖိုက်တာ...

မန္တလေးသား မြန်မာ့လက်ဝှေ့ ဖိုက်တာ ကျော်စွာဝင်း ONE Championship တွင် ထိုးမည်

ရှုံးပွဲမရှိ စံချိန်ယူထားသည့် မြန်မာပြည်၏ ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းသည် လာမည့်လပိုင်းအတွင်း ONE Championship မှ စီစဉ်သည့် ပွဲများတွင်း ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် (၇၅) ကီလိုတန်းမှ (၇၀) ကီလိုတန်းသို့ ရောက်အောင် ဝိတ်ချနေပြီး လာမည့် ဇူလိုင်လတွင် ONE ၏ ပွဲစဉ်၌ သွားရောက်ယှဉ်ပြိုင်ထိုးသ-တ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ONE မှာတော့ ကျွန်တော့် ဝိတ်က (၇၄)/(၇၅) ကီလိုတန်းဆိုရင် သိပ်အဆင်မပြေဘူး။ (၇၀) ကီလို တန်းလောက်အထိ ဝိတ်ချဖို့ လိုနေတာကြောင့် အချိန်ယူနေတာပါ။ ပွဲစီစဉ်သူဘက်ကတော့ (၆)လပိုင်း (၇)လပိုင်းလောက်မှာ (၇၀)ကီလိုချပေးဖို့ အချိန်ပေးပြီး စောင့်နေပါတယ်။ ပွဲလည်း အသင့်စီစဉ်ထားပြီးပါပြီ။ ဒါကြောင့် (၇)လာပိုင်းကျရင်တော့ ONE စင်မြင့်ထက်မှာ တွေ့ရတော့မှာပါ” ဟု ကျော်စွာဝင်းကဆိုသည်။

ကျော်စွာဝင်းသည် လက်ရှိအချိန်အထိ ရိုးရာလက်ဝှေ့ ပွဲပေါင်း (၉၄)ပွဲယှဉ် ပြိုင်ထိုးသ-တ်ထားပြီး ရှုံးပွဲမရှိသူတစ်ဦးအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသူဖြစ်ကာ မြန်မာပြည်ချန်ပီယံဆုကိုလည်းမျှော်မှန်းထားသူ တစ်ဦီးဖြစ်သည်။

“ညီလေးအနေနဲ့ကတော့ လောဘကြီးတယ် ပြောပြောပေါ့။ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို သားရွှေအိုး ထမ်းလာတာမျိုးလေးဘဲ ဖြစ်ချင်တယ်။ ရှုံးပွဲမရှိ စံချိန်ကိုလည်း ဆက်လက် ထိန်းထားပြီး ချန်ပီယံလည်း ဖြစ်ချင်တာပါ။ နှစ်ခုထဲက တစ်ခုကိုပဲ ရွေးမယ်ဆိုရင်တော့ အတော်လေး ခက်ခဲပြီး နှစ်ခုလုံးကို ဖြစ်ချင်တာပါ”ဟု ၎င်းဆိုသည်။

လက်ရှိတွင် ကျော်စွာဝင်းအနေဖြင့် ဖခင်ဖြစ်သူ ထိပ်တန်း ရိုးရာလက်ဝှေ့ကျော် ဉီးမိုးလေးနှင့် M2K ကလပ်တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ၎င်းသည် မြန်မာနိုင်ငံ၏ ပထမတန်း လက်ဝှေ့ကျော်များအနက် အငယ်ဆုံးနှင့် သက်လုံအကောင်းဆုံး ကစားသမားတစ်ဦးလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သွားရောက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဓိက ကြည့်ရှုစစ်ဆေးခဲ့သည့် အချက်များ ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ဌာနအတွင်းရှိ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်၍ အောက်ပါကဏ္ဍများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည် - ကျန်းမာရေးနှင့် နေထိုင်မှု ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှုနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့် ကျေ နပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အာဒစ်၊ ရှိန်းလေး၊ မျိုးလေးနှင့် ကျောင်းတိုက်တို့ဖြင့် ပွဲထွက်လာခဲ့သော်လည်း ပွဲအစပထမပိုင်းတွင် အိန္ဒိယအသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ ပွဲစဉ်ရလဒ်များမှာ (၈-၁၅) မှတ်၊ (၁၇-၁၄) မှတ်နှင့် (၉-၁၅) မှတ်တို့ဖြစ်ပြီး အကြိတ်အနယ်ကစားခဲ့ကြသော်လည်း အိန္ဒိ ယအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပွဲစဉ်အတွင်း...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာ့ပိုက်ကျော်ခြင်းအသင်း

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ (၁၉) ရက် မြန်မာစံတော်ချိန် မွန်းတည့် (၁၂) နာရီအချိန် အကြိုဗိုလ် လုပွဲ (Semi-Final) ပွဲစဉ်အား မြန်မာအသင်းနှင့် လေးရှားအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲစတင်ချိန်မှစ၍ ဖိအားပေးကစားနိုင်ခဲ့သည့် မြန်မာအသင်းသည် ပထမပွဲတွင် (၁၅-၉)၊ ဒုတိယပွဲတွင် (၁၅-၁၀) ဖြင့် မလေးရှားအသင်းကို ရလဒ် (၂) ပွဲပြတ် (၀-၂) ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071