Wednesday, May 13, 2026

အင်းတော်မြို့ရှိ အ.ထ.က(ခွဲ) (အောင်ဇေယျ)အား အကြမ်းဖက်အဖွဲ့က...

အကြမ်းဖက်အဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အ.ထ.က(ခွဲ)(အောင်ဇေယျ)အား FPV Suicide Drone များဖြင့် မေ ၁၂ ရက်နံနက် ၁၁ နာရီ...

ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း နေရာကွက်၍...

မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက်...

​မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီ ပထမအကြိမ်လေလံတင်ရောင်းချပွဲကို မေ ၁၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။​လေလံပွဲကို မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ်...

ဧရာဝတီတိုင်းတွင်  မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက်...

ဧရာဝတီတိုင်းတွင်  မိုးရာသီစိုက်ပျိုးစားရိတ်ချေးငွေစတင်ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးစိုက်ဧက (၁၂၁၆၇၂၈) အတွက် ချေးငွေကျပ် (၃၆၅.၀၁၈) ဘီလီယံကို ထုတ်ချေးပေးရန်လျာထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌...
HomeNewsLocal Newsမန္တလေးနန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက်...

မန္တလေးနန်းတော်နှင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း (၅) ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများတွင် ပင်လယ်မိုင်းမောကုန်းအမှတ် (၂၂) အား ထိန်းသိမ်းရန် အမိုးအကာဆောက်လုပ်ခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်ရှိ လိုအပ်သည့် လျှောက်လမ်းနေရာများတွင် ပေအုတ်ခင်းခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်တိုင်များအား မြန်မာမှုလက်ရာ ယွန်းကြိုးထိုးခြင်း၊ မန္တလေးနန်းမြို့ရိုးအတွင်းရှိ စွယ်တော်စင်နှင့် ပဟိုရ်စင်တို့အား ပြုပြင်ထိန်းသိမ်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။

တင်ဒါလျှောက်လွှာများကို ၂၀၂၆ ခုနှစ် မေ (၁၁) ရက်မှ စ တင်ရောင်းချမည်ဖြစ်ပြီး မေ (၂၅) ရက် ညနေ (၄) နာရီနောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တင်ဒါလျှောက်လွှာများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲရုံး၊ (၂၈) လမ်းနှင့် လမ်း (၇၀) ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့သို့ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်နှင့် နေရာကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စီမံဘဏ္ဍာဌာနစု ဖုန်း ၀၂ -၂၈၄၄၃၀၂၊ ၀၉-၄၀၆၀၀၅၉ နှင့် ၀၉-၂၀၀၂၁၉၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းတော်မြို့ရှိ အ.ထ.က(ခွဲ) (အောင်ဇေယျ)အား အကြမ်းဖက်အဖွဲ့က FPV Suicide Drone များဖြင့်ပစ်လွှတ်တိုက်ခိုက် ပညာရေးဝန်ထမ်း(၃)ဦးဒဏ်ရာရ

အကြမ်းဖက်အဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အ.ထ.က(ခွဲ)(အောင်ဇေယျ)အား FPV Suicide Drone များဖြင့် မေ ၁၂ ရက်နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်းတော်မြို့၏ အနောက်ဘက် မီတာ(၂၆၀၀)ခန့်အကွာမှနေ၍ အကြမ်းဖက်အဖွဲ့ဝင်များက FPV Suicide Drone (၂)စီးဖြင့် အ.ထ.က(ခွဲ)(အောင်ဇေယျ)အားပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည်ကျောင်းဝန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများစနစ်တကျရှိစေရေးတို့အတွက်ကြိုတင်ပြင်ဆင်နေသည့် ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့ဝင်များအနက် မူလတန်းကျောင်းအုပ်ဆရာ (၁)ဦးနှင့် ရုံးဝန်ထမ်း(၂)ဦးတို့တွင်ဗုံးစထိမှန်(မစိုးရိမ်ရ)...

ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ မိုးဇလ၏ခန့်မှန်းချကိအရ ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးမည်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယနေ့ မေ ၁၃ ရက်ညနေပိုင်းအထိ ရန်ကုန်တိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်...

မင်းဘူးခရိုင်၏ ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ပထမအကြိမ်လေလံပွဲတွင် ဂရန်အင်း (၄) ခုနှင့် တင်ဒါပိုက်ချက် (၁၆) ခုရောင်းချခဲ့ 

​မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ငါးလုပ်ငန်းရာသီ ပထမအကြိမ်လေလံတင်ရောင်းချပွဲကို မေ ၁၂ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည်။​လေလံပွဲကို မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတို့မှကြီးမှူး၍ တိုင်းငါးလုပ်ငန်းဦးစီးဌာနမှူးကကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့ကာ မင်းဘူးခရိုင်ရှိ မြို့နယ်အလိုက် ဂရန်အင်းနှင့် ပိုက်ချက်များကို အင်းသားကြီးများထံသို့ ဈေးပြိုင်စနစ်ဖြင့်လေလံတင် ရောင်းချခဲ့သည်။ ​မင်းဘူး (စကု) မြို့နယ်မှ ဂရန်အင်း (၂) အင်းနှင့် တင်ဒါပိုက်ချက် (၁၁) ခု၊ ​ပွင့်ဖြူမြို့နယ်မှ ဂရန်အင်း (၂) အင်းနှင့် တင်ဒါပိုက်ချက် (၅) ခုတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာရောင်းချပေးခဲ့သည်။ လေလံပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071