Home News Local News အင်းတော်မြို့ရှိ အ.ထ.က(ခွဲ) (အောင်ဇေယျ)အား အကြမ်းဖက်အဖွဲ့က FPV Suicide Drone များဖြင့်ပစ်လွှတ်တိုက်ခိုက် ပညာရေးဝန်ထမ်း(၃)ဦးဒဏ်ရာရ

အင်းတော်မြို့ရှိ အ.ထ.က(ခွဲ) (အောင်ဇေယျ)အား အကြမ်းဖက်အဖွဲ့က FPV Suicide Drone များဖြင့်ပစ်လွှတ်တိုက်ခိုက် ပညာရေးဝန်ထမ်း(၃)ဦးဒဏ်ရာရ

0
73

အကြမ်းဖက်အဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အ.ထ.က(ခွဲ)(အောင်ဇေယျ)အား FPV Suicide Drone များဖြင့် မေ ၁၂ ရက်နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့၏ အနောက်ဘက် မီတာ(၂၆၀၀)ခန့်အကွာမှနေ၍ အကြမ်းဖက်အဖွဲ့ဝင်များက FPV Suicide Drone (၂)စီးဖြင့် အ.ထ.က(ခွဲ)(အောင်ဇေယျ)အားပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည်ကျောင်းဝန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများစနစ်တကျရှိစေရေးတို့အတွက်ကြိုတင်ပြင်ဆင်နေသည့် ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့ဝင်များအနက် မူလတန်းကျောင်းအုပ်ဆရာ (၁)ဦးနှင့် ရုံးဝန်ထမ်း(၂)ဦးတို့တွင်ဗုံးစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့၍ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စာသင်ဆောင်များလည်းထိခိုက်ပျက်စီးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here