မန္တလေးတိုင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သောဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ခိုလုံလီရှော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က အလှူငွေကျပ်သိန်း (၅၀၀)အား အောက်တိုဘာ ၁၇ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေကျပ်သိန်း(၅၀၀)အား မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ပြီး ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သိရသည်။
