Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeNewsLocal Newsမန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို အောက်တိုဘာ...

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို အောက်တိုဘာ (၄) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို လာမည့်အောက်တိုဘာလ (၄)ရက်တွင် စည်ကားသိုက်မြိုက်စွာဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အား နိုင်ငံတော်အဆင့်ကျင်းပမည်လည်းဖြစ်ကာ ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများ၊ မြို့မိ/မြို့ဖများ၊ ကျောင်းသား/ကျောင်းသူဟောင်းများနှင့် တာဝန်ရှိသူအားလုံးအနေဖြင့် ဝန်ကြီးဌာနမှချမှတ်ထားသည့် လုပ်ငန်းစဉ် (၂၅)ချက်ဖြင့် အောင်မြင်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် အကြိုပွဲတော် အခမ်းအနားကိုလည်း မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်အင်ဂျင် နီယာအဆောက်အဦး (အုတ်တိုက်နီ)ရှေ့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်က ကျင်းပပြီးခဲ့ကြောင်း သိရသည်။

မန္တလေး တက္ကသိုလ်သည် ၁၉၂၅ ခုနှစ် ဇူလိုင်လ (၄) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုနှစ် ၂၀၂၅ ခုနှစ် ဇူလိုင် (၄)ရက်နေ့တွင် နှစ် (၁၀၀) ပြည့်ခဲ့ပြီလည်း ဖြစ်သည်။

သို့သော်၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံထိခို-က်မှုများပြီး မီးလေ-ာင်ခဲ့ရကာ အခြားအဆောက်အဦးများလည်းထိခို-က်ခဲ့ပြီး လက်ရှိတွင် ပင်မအဆောက်အအုံကြီးအား ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။ ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071