Monday, June 8, 2026

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် ဓမ္မာရုံလမ်းထောင့်၌ သစ်ပင်တစ်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ...

ထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း...

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်မည့် အခွင့်အရေးနှင့်အတူ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို...

ဖိလစ်ပိုင် အားပြင်းငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၅...

တနင်္လာနေ့အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် အဆောက်အအုံများပြိုကျခဲ့ကာ လူ ၁၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း...

ရှီ မြောက်ကိုရီးယားကို ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းတွင် နှစ်ကြိမ်ဆက်တိုက် ထိပ်သီးအစည်းအဝေးများကို လက်ခံကျင်းပပြီးနောက် ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တနင်္လာနေ့တွင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။     ဝါရှင်တန်၏...
HomeNewsLocal Newsမနက်ဖြန် ဇွန် ၉...

မနက်ဖြန် ဇွန် ၉ ရက်တွင်ကျင်းပမည့် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကိုမေး မြန်းဖြေကြားကြမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေး ပထမနေ့ကို မနက်ဖြန် ဇွန် ၉ ရက်နံနက်ပိုင်းတွင်ကျင်းပမည်ဖြစ်ကာ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေးမြန်းဖြေကြားကြမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မဲ ဆန္ဒနယ်အမှတ်(၄) သာကေတမြို့နယ်လွှတ်တော်ကိုယ် စားလှယ်ဦးလှဝင်းမောင်၊ မရမ်းကုန်းမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသိန်းထွန်း၊ ထန်းတပင်မြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးတိုင်းရတို့က ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင်၊ သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒ နယ်လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်ဝင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးလှထွန်း၊ ကွမ်းခြံကုန်းမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဦး တင်လင်းတို့ကလည်း ကြယ်ပွင့်ပြမေးခွန်းများကိုမေး မြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မဲဆန္ဒနယ်အမှတ်(၁) ဗဟန်းမြို့နယ်လွှတ် တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော်၏ “နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အ ပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဆို”ကို လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်ကမှတ်တမ်းတင်ခြင်းတို့ကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေးအစတွင် ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး ၏ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းကိုလည်းပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်၌ သစ်ပင်လဲကျမှုဖြစ်ပွား

ရန်ကုန်မြို့တွင် ယနေ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် ဓမ္မာရုံလမ်းထောင့်၌ သစ်ပင်တစ်ပင် လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၈ ရက်အထိ ခန့်မှန်းချက်အရ မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍...

ထိုင်းအသင်းနှင့် ပွဲစဉ်အား အကောင်းဆုံးကြိုးစားကစားသွားမည်ဟု မြန်မာအမျိုးသမီးအသင်း ပြောကြား

AYA Tri-Nation Cup 2026 ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိနိုင်မည့် အခွင့်အရေးနှင့်အတူ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ဇွန် ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇွန် ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် Mitsuo Kato က “ထိုင်းအသင်းဟာ မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားပါတယ်။ ဒါကြောင့် ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ...

ဖိလစ်ပိုင် အားပြင်းငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၅ ဦးထက်မနည်း ရှိ

တနင်္လာနေ့အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် အဆောက်အအုံများပြိုကျခဲ့ကာ လူ ၁၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ “အဆောက်အအုံများစွာ ထိခိုက်ခဲ့ပေမယ့် လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရှုပ်နေတာမို့ စာရင်းမပြုစုနိုင်သေးပါဘူး” ဟု ဂျင်နရယ် ဆန်းတို့စ်စီးတီးရဲတပ်ဖွဲ့မှ ရောဘတ်ဒါဂွန်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။ မင်ဒါနာအိုကျွန်းရှိ Soccsksargen ဒေသတွင် လူ ၁၂ ဦးနှင့် ဒါဗာအို အော့စီဒန်တဲလ်ပြည်နယ်တွင် လူ သုံးဦး စုစုပေါင်း လူ ၁၅ ဦး ‌ေ-သဆုံးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071