မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်ကြမည်ဆိုပါက ပညာကမ္ဘာနှင့်တည်ဆောက်ရမည်ဟု IBEC ဆရာတော်မှ ဇွန် ၃ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းဖွင့်ပွဲအခမ်းအနား၌ မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။
” ဥပဒေ၊ စည်းကမ်း၊ နည်းဥပဒေဆိုတာ တိုင်းသူ ပြည်သားတွေလိုက်နာကြရမယ့် ကျင့်ဝတ်စည်း ကမ်းတွေဖြစ်တယ်။ ကျောင်းတော်သူ၊ ကျောင်းတော်သားတွေဟာ စည်းမဲ့ကမ်းမဲ့နဲ့ ပညာသင်ကြမယ်ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ပရမ်းပတာတိုင်းပြည်သာဖြစ်လာလိမ့်မယ်။ IBEC ကျောင်းတော်ကြီးဟာ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကိုလေးစားလိုက်နာတဲ့ ကျောင်းတော်ကြီးဖြစ်သလို ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖေ-ာက်တဲ့ကျောင်းတွေထဲမှာလည်း IBEC ကျောင်းတော်ကြီးမပါဝင်ဘူး”ဟု IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။
ထို့ပြင် ကြောက်နေရသည့် လောကကြီးထဲမှ မကြေ-ာက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကြမည်ဆိုပါက ပညာကမ္ဘာဖြင့် တည်ဆောက်ရမည်ဖြစ်ပြီး ဥပဒေများ၊ စည်းကမ်းများ၊ ဓလေ့ထုံးတမ်းစဥ်လာများကို တန်ဖိုးထားလိုက်နာကျင့်သုံး၍လည်း တည်ဆောက်ကြရမည်ဟု မိန့်ကြားသည်။
” နိုင်ငံရေးစစ်ရေးဆိုတာ ကျောင်းသားတွေနဲ့ လားလားမှမဆိုင်ပါဘူး။ ကျောင်းသားတွေရဲ့အနာဂတ်ကမ္ဘာကို ကျောင်းသားတွေ ကိုယ်တိုင်ပိုင်ဆိုင်တာကြောင့် ပညာကမ္ဘာတည်ဆောက်ပြီးချိန်ကြမှသာ တိုင်းပြည်ရဲ့နိုင်ငံ့သားကောင်းတွေအနေနဲ့ နိုင်ငံတော်ကိုဆက်လက်အုပ်ချုပ်နိုင်ဖို့ ကြိုးစားကြပါ”ဟု IBEC ဆရာတော်ကမိန့်ကြားသည်။
ထို့အတူ စာသင်ကျောင်းများ၌ စနစ်တကျပညာသင်ကြားပြီးမှသာ နိုင်ငံတော်နှင့်ကမ္ဘာကြီး၏ တည်ဆဲဥပဒေ၊ စည်းကမ်းနည်းလမ်းများကို စနစ်တကျသင်ယူကြရမည်ဖြစ်ကာ ပညာနှင့်သာ အရာရာကိုပြောင်းလဲနိုင်မည်၊ ကိုယ်ကျင့်တရားနှင့်သာ အရာရာကိုပြောင်းလဲနိုင်မည်၊ ဆင်ခြင်တုံတရားဖြင့်သာ အနာဂတ်ကိုပြောင်းလဲနိုင်မည်ဟု မိန့်ကြားသည်။
ထို့ပြင် ေ-သနတ်ကိုင်ကာ ကမ္ဘာလောကကြီးအား ပြောင်းလဲ၍ရသည့်နိုင်ငံအား မိမိအနေဖြင့်မတွေ့ဘူးခဲ့ဘဲ ပြောင်းလဲ၍ရပါကလည်း ယင်းနိုင်ငံများသည် ကြေမွပျ-က်စီးပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝများမှာလည်း ဆုံးရှုံးခြင်းမကဆုံးရှုံးကြရလိမ့်မည်ဟု IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။