Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeArticlesဘ၀တစ်ကွေ့မှာ ခဏတွေ့ခဲ့သူ

ဘ၀တစ်ကွေ့မှာ ခဏတွေ့ခဲ့သူ

လူတစ်ယောက်ရဲ့ ဘဝလမ်းခရီး တစ်လျှောက်မှာ အချိုးအကွေ့ ကလေးတွေရှိစမြဲပါပဲစာရှုသူ။ အခုဆို ရင် အသက် ၇ဝ နားချဉ်းကပ်နေ ပြီဖြစ်တဲ့ အကျွန်ုပ်ရဲ့ ဘဝလမ်းခရီး တစ်လျှောက်မှာလည်း အချိုးအကွေ့ ပေါင်းများစွာ ဖြတ်သန်းခဲ့ရသပေါ့။ ဘဝရဲ့အကွေ့တစ်ကွေ့မှာတော့ ယနေ့ဆိုလျှင် ကွယ်လွန်တိမ်းပါးခဲ့ ရှာတာ နှစ် ၄ဝ နီးနီးရှိပြီဖြစ်တဲ့ ကဗျာဆရာစစ်စစ်တစ်ယောက်ကို တဒင်္ဂမျှကြာအောင် တွေ့ဆုံရင်းနှီး ခဲ့ရပါတယ်။ သူဟာ ဒီနေ့အသက် ကြီးပိုင်း ခေတ်ပေါ်ကဗျာဆရာအများ စုအတွက်တော့ ကဗျာသူရဲကောင်း တစ်ဦး၊ ကဗျာ့အာဇာနည်တစ်ဦးပါပဲ။

ရေးကောင်းကောင်းနဲ့ ကြိတ် မှိတ်တွယ်ထည့်လိုက်တာ ကဗျာ့သူရဲ ကောင်းတွေရော၊ ကဗျာ့အာဇာနည် တွေပါ ဖြစ်ကုန်ပြီ။ အမှန်ကတော့ ကဗျာဆရာစစ်စစ်ဖြစ်ရင် ရှေ့ကနေ ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ပြီး ဟိမဝန္တာ ချီးမွမ်းခန်း မလိုပါဘူး …နော့။ (ကဲ) ကဗျာဆရာ နတ်ရှင်နောင်ဗျာ။ ကဗျာဆရာနဝဒေးဗျာ။ ကဗျာဆရာ စလေဦးပုညဗျာ။ ကဗျာဆရာသခင် ကိုယ်တော်မှိုင်းဗျာ။ (ကဲ) တော် လောက်ပြီပေါ့။ ကဗျာဆရာဆိုတာ နဲ့ စကြဝတေး မာန်နတ်ထက် အဆ များစွာ ဘုန်းတန်ခိုးကြီးသွားပြီ မဟုတ်လား။ ဒီကနေ့မှာတော့ သက်ရှိကဗျာဆရာစစ်စစ်ဆိုတာ မူး လို့တောင် ရှူစရာမရှိအောင် ရှားမှ ရှားဗျ။ ကဗျာရေးသူတွေကတော့ ရိုက်သတ်လို့ ကုန်နိုင်ဖွယ်မရှိအောင် ပေါမှပေါ။ မြန်မာနိုင်ငံမှာ ပိုက်ဆံ ကုန်တဲ့ အလုပ်တွေ လုပ်တဲ့သူတွေကို စာရင်းကောက်ကြည့်ရင် Fb သုံးသူ က အရေအတွက်အားဖြင့် ၁၄ သန်း တောင်ရှိသတဲ့။ မြန်မာနိုင်ငံမှာကဗျာ ရေးသူကလည်း သောင်းဂဏန်းတော့ ရှိမှာပဲ။ အွန်လိုင်း ကဗျာရေးသူ တွေပါ စစ်စစ်ပေါက်ပေါက်စာရင်း ကောက်လိုက်ရင် မြန်မာကဗျာရေး သူတွေ စုပေါင်းပြီး နိုင်ငံရေးပါတီ တစ်ခုထူထောင်၊ ရွေးကောက်ပွဲဝင်၊ အမတ်တစ်နေရာရပြီ၊ ကဗျာဆရာ အမတ်လို့ ဂုဏ်ယူနိုင်မှာပဲ။ လော လောဆယ်မှာတောင် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ထဲမှာ အကျွန်ုပ် ရဲ့ အသိအကျွမ်း ကဗျာဆရာ တစ် ယောက်က ခေါင်းပေါင်းစ တလူလူနဲ့ အမတ်ဖြစ်နေကြောင်းပါ။ သူ့ခမျာ …။ အင်မတန်ဘုန်းတန်ခိုးကြီးတဲ့ ကဗျာ့အရေးကို ဘေးချိတ်ပြီး နိုင်ငံ့ အရေးကို ဦးစားပေးနေရရှာတယ်။ ခုလိုအခွင့်အခါ သင့်နေတုန်း ကဗျာ စာအုပ် တစ်အုပ်လောက်တော့ ထုတ် သင့်ကြောင်း အကျွန်ုပ်က အကြံပြု ချင်ပါတယ်။ အမတ်ဆိုတဲ့ ‘စိတ်’ ကြောင့် ကဗျာစာအုပ်ထုတ်ပေးမယ့် အလှူရှင်တွေလည်း တစ်ပုံကြီးအော တိုက်နေမှာပါအမတ်မင်း။ တော်ကြာ အမတ်မင်းရဲ့ ကဗျာစာအုပ်က အမျိုး သားစာပေဆုတွေ ဘာတွေတောင် ချိတ်သွားနိုင်တယ်လို့ အကျွန်ုပ်ထင်မိ ပါသဗျ။

မြန်မာနိုင်ငံက ကဗျာဆရာတွေ ရော ကဗျာရေးသူတွေပါ အားမငယ် ကြပါနဲ့။ မြန်မာနိုင်ငံမှာ ကဗျာဆရာ သမ္မတမရှိသေးပေမယ့် ကဗျာဆရာ ရဲ့သားကတော့ သမ္မတဖြစ်သွားခဲ့ဖူး တာ အထင်အရှားနော။ (အောင် မယ်) ပေါက်ဖော်ကြီး မော်စီတုံးဆို တာကလည်း ကဗျာဆရာကြီးဆိုပါ ကလား။ ဗီယက်နမ်က ခေါင်းဆောင် ကြီး ဟိုချီမင်းကလည်း ကဗျာဆရာ ပါတဲ့။

အကျွန်ုပ်သည်လည်း ငယ်ရွယ် နုထွေး၊ အချစ်သွေးကြွစ အရွယ်က ကဗျာဥာဏ်ကဗျာဈာန်တွေ ထိန်းမ နိုင် သိမ်းမရ ကြိုးကြိုးကြွကြွ၊ ရိုးရိုး ရွရွ ဖြစ်ခဲ့သပ။ ‘ဆရာကြီး ဦးထွန်း ရွှေ’ရဲ့ ကဗျာရေးနည်းကျမ်းကြီးကို အရည်ကျိုသောက်၊ တခြား တခြား သော ကဗျာအဖွင့် ကျမ်းဂန်များကို မျက်လုံးကျွတ်ကျမတတ် ဆည်းပူး လေ့လာခဲ့သပေါ့။ စာနယ်ဇင်းတွေ မှာ တွေ့တွေ့သမျှ ကဗျာတွေဆိုရင် (သူတီးတစ်ယောက် ကောင်းဖို့ရောက် မူ၊ သူမခမျာ လင်ရရှာ၏)ဆိုတဲ့ ဟဿရသကဗျာမျိုးအထိ အလွတ် မပေးခဲ့ပါဘူး။ ၉/၁ဝ တန်းရောက် တော့ ချစ်သူရည်းစားကိုရည်စူးပြီး ရေးဖွဲ့တဲ့ ကဗျာတွေဆိုတာ။ အချစ် ကဗျာဘုရင်ကြီးတစ်ပါးဖြစ်တဲ့ အိန္ဒိယက ဘင်္ဂါလီကုလားကြီး ‘ရဝိန္ဒ ရာနတ်တဂိုး’တစ်ယောက် သေရွာက နေ လှမ်းမြင်ခဲ့ရင် ”ဟင်း …ငါ့ ထက်တော်တဲ့ ကဗျာဆရာ ဗမာပြည် မှာပေါ်နေပြီ၊ အလိုလေး ရာမခရစ် သျှနားကယ်တော်မူပါ”ဆိုပြီး နှစ်ခါ ပြန်သေချင်စိတ်တောင် ပေါက်သွား နိုင်ပါတယ်။ ချစ်သူဆီကို နေ့စဉ် အသစ်ကဗျာတစ်ပုဒ် တစ်ပုဒ်ဆက်သ ရတဲ့အကျိုးကျေးဇူးကြောင့် အကျွန်ုပ် ဟာ သူကလေးရဲ့အသစ် ပန်းကိုလှမ်း ဆွတ်နိုင်ခဲ့တာတော့ မှန်ပါရဲ့ဗျာ။ သို့ သော် နဖူးစာ မင်ရည်ကျဲလို့ ရည်း စားအသက် ၁၁ နှစ်အကြာမှာ မြား နတ်မောင် အလိုကျလမ်းခွဲခဲ့ရပါသ ဗျား။ အကျွန်ုပ်ရဲ့ ကဗျာတွေ ရေး ထားတဲ့ ကတ်ထူစာအုပ်ကြီးကိုလည်း မတော်လိုက်ရတဲ့ ယောက္ခမကြီးက ‘မိ’သွားပြီး သူ့သမီးကို ”ကဗျာယောင် ယောင် စာယောင်ယောင်အကောင် ကို ညည်းယုံစားလို့ကတော့ ညည်း ငတ်သေမှာပဲ”လို့ ဆုံးမပါသတဲ့။ ပြီး တော့ ကဗျာစာအုပ်ကြီးကို မီးရှို့ပစ် လိုက်ပါသတဲ့ဗျား။

အဲသည်ကတည်းက ‘ငါ့ဘဝမှာ ကဗျာနဲ့တော့ အကျိုးပေးမှာ မဟုတ် ချေဘူး’လို့ ဆုံးဖြတ်ပြီး အကျွန်ုပ်ဟာ စကားပြေလိုင်းကို ကူးပြောင်းခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်ခဲ့ပါပြီ။ ကဗျာ ရေးလို့ ထမင်းဝမှာ မဟုတ်ဘူးဆိုပြီး စကားပြေလိုင်းပြောင်းခဲ့တော့မှပဲ ထမင်းဝသလားဆိုတော့ (ဟင့်အင်း) လုံးလုံးကို ထမင်းငတ်တော့တာပါပဲ ဗျာ။ အခုတော့ သေချာပေါက် ထ မင်းမငတ်တဲ့နည်းကို တွေ့ထားပါ တယ်။ ဘာလဲလို့ မမေးကြပါနဲ့။ ‘မသိ သူကျော်သွား သိသူဖော်စား’ပေါ့ လေ။

ရန်ကုန်စာပေလောကမှာ ကဗျာရေးသူတွေ အလျှံပယ်ပေါများ ဖောင်းပွတာ ခုခါမှ မဟုတ်ဘူး။ အကျွန်ုပ်စာပေလောကထဲ ဝင်ခါစ ၁၉၇၅ ခုနှစ်လောက်ကတည်းကပါ။ ဒါကြောင့်လည်းပဲ အဲဟိုတုန်းကတည်း က အကျွန်ုပ်ရဲ့ ရောင်းရင်းကဗျာ ဆရာသစ္စာနီက ”ရန်ကုန်ပလက် ဖောင်းပေါ်မှာ လမ်းလျှောက်သွား ရင်း ပခုံးချင်းတိုက်မိတဲ့သူကို ဘယ် သူလဲလို့ ကြည့်လိုက်။ အဲဒီငနဲဟာ ကဗျာဆရာ တစ်ယောက်ယောက်ဖြစ် ကိုဖြစ်ရမယ်”လို့ ကဗျာဆရာအတု တွေ ဖောင်းပွတာကို ကလော်ခဲ့တာ ပါပဲ။

ကဗျာဆရာစစ်စစ်တစ်ယောက် အကြောင်းကို အကျွန်ုပ်ပြောပြချင်ပါ တယ်။ ဘဝတစ်ကွေ့မှာ ခဏတွေ့ခဲ့ ရတဲ့သူပ။

၁၉၆ဝ ခုနှစ်များကတည်းက ‘မောင်လေးအောင်’ဟာ ကဗျာဆရာ အဖြစ်ရော၊ တေးပြုစာဆိုအဖြစ်နဲ့ပါ နာမည်ရနေခဲ့ပါပြီ။ ၁၉၇ဝ ပြည့်နှစ် တစ်ဝိုက်၊ ဗီယက်နမ်စစ်ပွဲအပြင်းထန် ဆုံးကာလတွေမှာ သူ့ကဗျာတွေက အတောက်ပဆုံးဖြစ်လာခဲ့ပါတယ်။

ကဗျာဆရာ ‘မောင်လေးအောင်’ ကို အကျွန်ုပ်စတင်ဆုံစည်းခဲ့ရတာ ၁၉၇၅ ခုနှစ်မှာပါ။ သူလည်း ကဗျာသိပ် မရေးနိုင်တော့ဘဲ နောက်ဆုတ်လို့ မရတော့တဲ့ ဝါရင့်ယမကာလုလင်ကြီး ဖြစ်နေရှာပါပြီ။ သူနေတော့ ပုဇွန် တောင်ပန်းခြံအနီးက ဘုန်းတော်ကြီး ကျောင်းတိုက်တစ်တိုက်မှာ မှီခိုနေ ထိုင်ပါတယ်။ မိုးလင်းတာနဲ့ ပုဇွန် တောင်က ‘ဘုံကြီး’လို့ခေါ်တဲ့ အစိုးရ အရက်ဖြူဆိုင်ကြီးကို သူသွားပါတယ်။ ဘုံဆိုင်ဘေးက အရက်နဲ့ အမြည်းတွဲ ရောင်းတဲ့ တဲဆိုင်ကလေးမှာ မောင် လေးအောင် စတည်းချပါတယ်။ မိုး ချုပ်လို့ ဆိုင်ပိတ်တဲ့အထိ ဆိုပါတော့။

အကျွန်ုပ်တို့က သူနဲ့တွေ့ရင် ကဗျာအကြောင်း၊ စာအကြောင်းတွေ ပြောချင်ကြတယ်။ သူက ခေါင်းရမ်း ပြီး …

”ကျွန်တော်အရက်သမားလေး အောင်ပါ။ ကဗျာဆရာလေးအောင် မဟုတ်တော့ပါဘူး”လို့ ပြောလေ့ရှိပါ တယ်။

သူမကြာခဏ ပြောပြတတ်တဲ့ ဇာတ်လမ်းတစ်ပုဒ်က ရယ်စရာတော့ အကောင်းသား။ သူ့ဇာတ်လမ်းက လေးက …

”ကျွန်တော်က မိုးလင်းကနေ မိုးချုပ် ဘုန်းကြီးကျောင်းကနေ ပျောက်ပျောက်သွားတော့ ညဘက် ကျောင်းကို ပြန်လာတဲ့အခါ ကိုရင် ကလေးတွေက မေးကြတယ်ဗျ။ (ဒ ကာကြီးအလုပ်သွားမယ်ဆိုပြီး ထွက် ထွက်သွားတာ အလုပ်ထဲမှာ ဘာတွေ လုပ်ရသလဲ)တဲ့။ (တပည့်တော်ရဲ့ အ လုပ်ကတော့ တိုက်ပုံနဲ့ ခေါင်းပေါင်း နဲ့ ဗိုက်ရွှဲရွှဲလူကြီးတွေကို သွားသွား ရိုက်ရတာပဲ ကိုရင်တို့ရဲ့) လို့ ပြော တာကို သူတို့ကလေးတွေ ယုံကြသ ဗျ”တဲ့။

မောင်လေးအောင်ကိုတော့ သေရည်က နှစ်သတ်သွားပါတယ်။ ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071