Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeArticlesဘဲကျောပေါ်ကရေ

ဘဲကျောပေါ်ကရေ

ပြီးခဲ့တဲ့ တနင်္ဂနွေသုံးလေးခုလောက် က မန္တလေးစတုတ္ထမျိုးဆက် လို့ခေါ်လို့ရနိုင်တဲ့ လူငယ်ကဗျာဆ ရာတွေကနေ ကိုငြိမ်းကြီးကို ကဗျာ ဝိုင်းမှာတက်ရောက်ဖို့ ဖိတ်ပါတယ်။ သူတို့ကဗျာဝိုင်းက ‘ခရေရိပ် ကဗျာ ဝိုင်း’တဲ့။ မန္တလေးကုသိုလ်တော် ဘုရားအတွင်းက ခရေပင်ရိပ်ကြီး တွေအောက်မှာ တနင်္ဂနွေနေ့တိုင်း ပြုလုပ်ကြပါတယ်။ အဲဒီအပတ်က အကြိမ် ၁၅ဝ မြောက်ပွဲပါ။

နေရာက ‘ကမ္ဘာ့အကြီးဆုံး စာ အုပ်ကြီး’ လို့ခေါ်တဲ့ ကျောက်စာချပ် ကြီးတွေ အများကြီးကြားမှာ ပြု လုပ်ကြတာဆိုတော့ စာပေအခမ်း အနားပြုလုပ်ဖို့ ဒီထက်ထိုက်တန်တဲ့ နေရာမရှိဘူးလို့တောင် ပြောလို့ရပါ တယ်။ ကိုငြိမ်းကြီးဆိုတာကလည်း ဘာစာပေပွဲတော်၊ ညာစာပေပွဲတော် ဆိုတာမျိုးတွေကို ရောက်ခဲ့ပေမယ့် ဒီလိုလူငယ်ကဗျာဆရာလေးတွေ လုပ်တဲ့ပွဲဆိုရင်တော့ တက်ချင်ပါ တယ်။ တက်လည်းတက်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီကလေးတွေ (လူငယ်တွေ)မှာ ‘သူငယ်နာပေါင်း ချုပ်’က ကင်းဝေးကြလို့ပါပဲ။ သူငယ် နာပေါင်းချုပ်ထဲမှာ ဘယ်ရောဂါတွေ ပါဝင်သလဲဆိုတော့ နာမည်ကြီးစွဲ သူငယ်နာ၊ ထောင်ကျသူငယ်နှင့် ကွန် မြူနစ်သူငယ်နာစသဖြင့် ရောဂါမျိုး စုံပါပါတယ်။ အဲစာပေပွဲတော်ကြီး တစ်ခုဆိုတာ သွားကြည့်ပါလား။ အဲ ရောဂါသည် မျိုးစုံနဲ့ တန်းတွေ့ရမှာပဲ။ အဲဒီရောဂါ ပေါင်းချုပ်ထဲမှာ =ကိုယ့် ကိုယ်ကိုယ်အထင်ကြီးတဲ့သူငယ်နဲ့’ က စိတ်ကုန်စရာအကောင်းဆုံးပါပဲ။ အဲဒီကလေးတွေကြားကျတော့ လေ ကောင်းလေသန့်ရရဲ့ဗျ။ သူတို့ ကလေးတွေက ‘အထွေထွေသူငယ် နာ’ဘာတစ်ခုမှ မရှိကြဘူး။ သူတို့နဲ့ တွေ့ရတာ ကုသိုလ်ရတယ်တောင် ကိုငြိမ်းကြီး ထင်ပါတယ်။

အဲ သူတို့ကဗျာဝိုင်းလေးက လည်း အပတ် ၁၅ဝထိတောင် လုပ်နိုင်ခဲ့တာဆိုတော့ သူတို့ကဗျာ ချစ်စိတ်ကို လေးစားရမယ်။ မဟုတ် လား ဒီတော့ ကိုငြိမ်းကြီး သူတို့ပွဲမှာ ကဗျာနဲ့ ပတ်သက်ပြီး တစ်ခုခုပြော ဖို့ စဉ်းစားရတော့တာပေါ့။ စဉ်းစားမိတာက ‘ဘဲကျောပေါ် ကရေ’ဆိုတဲ့ ကိုယ်တိုင်ရေး မဂ္ဂဇင်း ဝတ္ထုရှည်တစ်ပုဒ် စဉ်းစားမိတယ်။ ဒီ ဝတ္ထုက လွန်ခဲ့တဲ့ နှစ်ပေါင်း၃ဝ လောက်က ရေးခဲ့ပြီး ဘယ်မဂ္ဂဇင်းမှ မပို့ဖူးသေးတဲ့ ဝတ္ထုပါ။ ဘာကြောင့် မပို့ဖြစ်ခဲ့မှန်းတော့ ကိုယ်တိုင်လည်း မသိပါဘူး။ ဒီဝတ္ထုကို ‘ကဗျာဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်’နဲ့ တည်ဆောက် ထားတာပါ။ ဒီထဲမှာ =ကဗျာဟူသည်’၊ ‘ကဗျာဆိုတာဘာလဲ’ဆိုတဲ့ အဆိုအ မိန့်တွေ အများကြီး ပါပါတယ်။

ဒီတော့ ခရေရိပ်မှာ လူတတ် ကြီးလုပ်ဖို့၊ ကိုယ့်ဝတ္ထုကိုယ် ပြန် ဖတ်ရတော့တာပေါ့။ ကဗျာဟူသည် ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ ပြန်ကူးရတာပေါ့။

ကဗျာဟူသည် – လူ၏မျက်မှောက် ဘဝကို၊ လူကပုန်ကန်ခြင်းဖြစ်၏။ ဂျေဘီးကေဘဲယ်လ် (၁၈၇၉…)ဆို တာတွေ ဘာညာတွေ။

ကဗျာဟူသည် – ထူးခတ်ခံရ သော ကဗျာသည်၊ လူသတ္တဝါကိုပြန် ၍ ထူးခတ်တတ်၏။ စီလီယမ်ဘလိခ် (၁၇ဝ၇-၁၈၂၇)ဘာညာ။

ကဗျာဟူသည် -စာဆိုမင်လ် တန် မျက်စိကွယ်သွားသော အခါ၌ သူတွေ့မြင်ရသော အရာသည် ကဗျာဖြစ်၏။ ဒီ၊ အာန်၊ ဗီ၊ မာကီး (၁၈၇၈-၁၉၃၇)ဆိုတာမျိုးတွေ၊

ကဗျာဆိုတာ – အသက်ရှူရှိုက် ခြင်းပြုသော အကြံအတွေးနှင့် ရှို့မြိုက် လောင်ကျွမ်းခြင်းပြုသော စကားလုံး များတီ၊ ဂရေး(၁၇၁၆-၁၇၇၁)ဆိုတာ ကိုလည်း မကျန်စေရဘူးပေါ့။

အင်း တခြားဟာလည်း သိပ်မ တတ်။ ဒါပဲမှတ်စုထုတ်လာတာ ကြောင့် ကဗျာဟူသည် အဆိုအမိန့် ၂ဝ လောက် ရွတ်ပြလိုက်တယ်။ နောက်ဆုံးတော့’ ဒေမရိုး ကျိန်စာ’ နဲ့ နိဂုံးချုပ်လိုက်ရတယ်။ ကျိန်စာ တိုက်သူ အင်၊ ဘီ၊ ဒေမရိုး (၁၆၃၆-၁၇၁၁)ဆိုတာ ‘ကဗျာမထိနဲ့ မီးပွင့် သွားမယ်’ဆိုတဲ့လူမျိုး။ သူအများကြီး မပြောဘူး။ ၃ ချက်ပဲပြောတယ်။

(၁) လှပသော အကြံဥာဏ်များကို၊ ပုဒ်ရေအကန့်အသတ်ဖြင့်၊ စာတစ် ကြောင်းထဲသို့ အတင်းအဓမ္မ ထိုး သိပ်ချည်နှောင်ထားရမည် ဟူသော ဝါဒကိုလည်းကောင်း၊

(၂) စိတ်ကူးများကို ကျဉ်းမြောင်း သော တစ်ခုခုအတွင်း၊ ပိတ်လှောင် ထားရမည်ဟူသောဝါဒကိုလည်းကောင်း၊

(၃) စိတ်ကူးသစ်များကို အတောင်ချိုး ၍ ကာရန်ဟူသော သံကြိုးတို့ဖြင့် ခတ်ထားရမည်ဟူသော ဝါဒကို လည်းကောင်း…

ယင်းအချက် ၃ ချက်ကို အကြင် သူမိုက်သည် တီထွင်၍ ကျွန်ုပ်တို့ အား ပို့ချသင်ကြားသည်ရှိအံ့။ ထို လူမိုက် ‘ပလိပ်ရောဂါ’ သင့်၍ သေပါ စေသတည်း။

အဲဒီနေ့က ပွဲပြီးလို့ကိုငြိမ်းကြီး ပြန်လာတော့ လူငယ်လေးတွေ ဖိတ်ကြားထားတဲ့ လူကြီးအချို့ဆီက ပလိပ်ရောဂါနဲ့ နည်းနည်းတော့ ရတယ်ခင်ဗျာ။

ကိုငြိမ်း (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071