ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံမြို့မှ မော်လမြိုင်မြို့အထွက် စည်ပင်ဘီးခွန်ဂိတ်အနီးတွင် ဟိုက်ဂျက်ဘုရားဖူးယာဉ်တစ်စီး ထန်းပင်အား ဝင်တို-က်ကာ ယာဉ်ပေါ်ပါ (၁၁)ဦး ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဘုရာဖူးယာဉ်သည် ဝေါမြို့မှ မုဒုံမြို့သို့ ဘုရားဖူးထွက်လာသည့် ယာဉ်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းက သထုံမြို့မှ မော်လမြိုင်မြို့ဘက်အထွက် စည်ပင်ဘီးခွန်ဂိတ်အနီးတွင် ဆိုင်ကယ်အားရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ထန်းပင်အား တို-က်မိခဲ့ခြင်းဖြစ်သည်။
ယင်း ဖြစ်စဉ်အတွင်း ယာဉ်မောင်းအပါအဝင် စုစုပေါင်း (၁၁) ဦး မစိုးရိမ်ရ ဒ-ဏ်ရာများ ရရှိခဲ့ကာ ဒေသတွင်းအကြင်နာတွဲလက်အသင်းက သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
