
ရန်ကုန်၊ ဩဂုတ် ၃၀
ရန်ကုန် ဘုရင့်နောင်ရှိ ကမ္ဘာ့ရတနာဘဏ်တွင် ယနေ့ ၁၁နာရီခွဲက ဓါးမြတိုက်မှု တစ်ခု ဖြစ်ခဲ့သည်။
ဓါးမြတိုက်ခံရသည့် သတင်းမှန်ကန်ကြောင်းနှင့် တာဝန်ရှိသူများ အသေးစိတ် စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းဝန်ကြီး တစ်ဦးက အတည်ပြုသည်။
“ဓါးမြတိုက်ခံရတဲ့ သတင်းမှန်တယ်။ဘယ်လောက်ပါသွားလဲဆိုတာတော့ စစ်နေတုန်းပဲ”ဟု ပြောသည်။
ယင်းဘဏ်သည် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊အမှတ် (၁) ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၈)လမ်းတွင် ဖွင့်လှစ်ထားသော ဘဏ်ဖြစ်သည်။
ယနေ့နံနက် ၁၁း၃၀ နာရီအချိန်ခန့်က လက်နက်ကိုင်ဆောင်ထားသူလေးဦးက ကျပ်သိန်းတစ်ထောင် ကိုဓားပြတိုက် လုယူသွားသည် ဟုဆိုကာ ပစ္စတိုသေနတ်ကိုင်ဆောင်ထားသော လူလေးဦးသည် Mark II ကားအဖြူရောင်ဖြင့် ဘဏ်သို့လာခဲ့သည်ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လ ၁၅ ရက် မနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းပေါ်ရှိ ကမ္ဘာ့ရတနာဘဏ်ကို လူတစ်စုက ဓားပြတိုက်သွားသည့် ဖြစ်စဉ်လည်းဖြစ်ခဲ့ကြောင်းသိရသည်။