ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့ရှိနေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရေဘေးသင့်နေသူများကို ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
မိုးဇလ၏ ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေ(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၆) လက်မခန့်မြင့်တက်လာပြီး မြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
