ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့် 2 nd International Forum of the Union State “Great Heritage- Common Future”တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ဇွန် ၂၄ ရက်ည ၈ နာရီတွင် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ USDP ပါတီမှတာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။
ဘယ်လာရုစ်နိုင်ငံရောက်ရှိနေသည့် ခရီးစဥ်အတွင်း၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor Sergeyenko နှင့်တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။
ထို့ပြင် ခရီးစဥ်အတွင်း ရုရှားနိုင်ငံသို့ရောက်ရှိစဥ် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဒု-ဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိသမိုင်းဝင်အထင်ကရနေရာများနှင့် ပြတိုက်များကို ကြည့်ရှုလေ့လာခြင်းများလည်းပြုလုပ်ခဲ့သည်။
