Thursday, July 23, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး...

ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၃ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma...

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့်...

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင်...
HomeNewsLocal Newsဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန (ISPR) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“Exercise Tiger Lightning (TL)-2026” စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၉ ရက် နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးလ်ဟက်စစ်ဌာနချုပ်နယ်မြေတွင် ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် အမေရိကန် ပစိဖိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ  Md Mainur Rahman နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Brent T Christensen တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းသည် နှစ်နိုင်ငံ တပ်မတော်များ၏ စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးမည်ဖြစ်ပြီး မဟာမိတ်ဆက်ဆံရေးကို ခိုင်မာစေကာ ရှည်ကြာသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် အထူးအထောက်အကူပြုမည်ဖြစ်ကြောင်း ရာမန် က ပြောကြားခဲ့သည်။

သံအမတ်ကြီး ခရစ်တန်ဆန် ကလည်း အဆိုပါစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ချစ်ကြည်ရေး၊ အပြန်အလှန် လေးစားမှုနှင့် လွတ်လပ်၍ လုံခြုံစိတ်ချရသော၊ ကြွယ်ဝချမ်းသာသော အင်ဒို-ပစိဖိတ် ဒေသဖြစ်ထွန်းရေး နှစ်နိုင်ငံစလုံး၏ ပူးတွဲကတိကဝတ်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အမေရိကန် ပစိဖိတ်တပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေဆိုင်ရာ ကမ်ပိန်းနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွမ်းကျင်မှုဆိုင်ရာ ဆက်ဆံရေးများ မြှင့်တင်ရန်၊ စစ်ဆင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ ပိုမိုကောင်းမွန်လာစေရန်၊ စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်ရန်နှင့် တပ်မတော်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကို အားပေးမြှင့်တင်ရန် ဖြစ်ကြောင်း ဒါကာမြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါသည်။

Ref: ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံ

ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၃ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia တို့သည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ဖိတ်ခေါ်ထားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊...

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံသံအ မတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆောင်းပါး စာမူများကိုသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာ ၅ ရက်နောက်ဆုံးထား၍ ဆောင်းပါးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီထံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website- www.tourism.gov.mm/en/announcements နှင့် www.tourism.gov.mm/mm/announcements တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၆၇၃၄၀၆၁၀၄ သို့လည်းရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071