Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeInternationalဘင်္ဂလားဒေ့ရှ်ကတောင်အာရှ၌ရေအားလျှပ်စစ်အားခွဲဝေသုံးစွဲရေးတောင်းဆို

ဘင်္ဂလားဒေ့ရှ်ကတောင်အာရှ၌ရေအားလျှပ်စစ်အားခွဲဝေသုံးစွဲရေးတောင်းဆို

ဒါကာ၊နိုဝင်ဘာ ၁၃

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအကြံပေးအရာရှိချုပ် မိုဟာမဒ်ယူနွတ်က နီပေါနှင့်ဘူတန်တို့က ထုတ်လုပ်သည့် ရေအားလျှပ်စစ် ကို မျှဝေသုံးစွဲရန်အတွက် တောင်အာရှဓါတ်အားလိုင်းတစ်ခုသွယ်တန်းရန်တောင်းဆိုထားကြောင်းသိရသည်။

COP 29 တွေ့ဆုံမှုပြင်ပ၌ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊နီပေါနှင့်ဘူတန်တို့ကြားလျှပ်စစ်ကွန်ယက်ဆက်သွယ်မှုမရှိခြင်းကြောင့် ဟိမဝန္တာနိုင်ငံများ၏ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ခြေအလားအလာများကို အသုံးပြုနိုင်ခြင်းမရှိသေးကြောင်းလည်းပြောကြားခဲ့သည်။

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့သောနိုင်ငံကြီးများ၏ ရုပ်ကြွင်းလောင်စာအသုံးပြုရမှုပမာဏကို လျှော့ချနိုင်ရန်အတွက် နီပေါအနေဖြင့် ရေအားလျှပ်စစ် မဂ္ဂါဝပ် ၄၀,၀၀၀ ထုတ်လုပ်ရန်အလားအလာရှိကြောင်း နီပေါအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့်နီပေါသည် မိုင် ၄၀ သာဝေးသဖြင့် နီပေါမှရေအားလျှပ်စစ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က အလွယ်တကူရယူနိုင်သည်ဟုလည်း မစ္စတာယူနွတ်ကပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊နီပေါနှင့်ဘူတန်တို့အနေဖြင့် တောင်အာရှဓါတ်အားလိုင်းတစ်ခုကို သွယ်တန်းသင့်သည်ဟု ပြောသည်။

ဆက်လက်၍မစ္စတာယူနွတ်က ဘင်္ဂလားဒေ့ရှ်၌ ရေလွှမ်းမိုးမှုကို တားဆီးရန်နှင့် စီးပွားရေးတိုးတက်မှုအတွက် ရေအား ကို အဓိကထား၍အသုံးပြု ခြင်းကို မြှင့်တင်ခြင်းသည် နိုင်ငံ၏ထိပ်တန်းဦးစားပေးဖြစ်ပြီး ထိရောက်သောရေအရင်းအမြစ်စီမံခန့်ခွဲမှုကိုပြုလုပ်လိုကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး ၁၂ နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားသူများက ည ၈ နာရီခန့်တွင်  ဦးအောင်မြင့်၏ မိသားစုများထံသို့ဆက်သွယ်၍ ဦးအောင်မြင့်အား အသက်ရှင်လျက်ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း(၄,၅၀၀)နှင့် ရွှေ(၆၀)ကျပ်သားပေးရန် လုံခြုံရေးအဖွဲ့ဝင်များထံတိုင်ကြားခြင်းမပြုရန်၊ တိုင်ကြားပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြရာမှ ဩဂုတ် ၇ ရက်တွင် ပြစ်မှုကျူးလွန်သူ(၉)ဦးကို အခင်းဖြစ်ပြီး ၁၂ နာရီအတွင်း၌ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ပြန်ပေးဆွဲခံရသူကိုလည်း အ...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စစ်ဆေး

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဟင်္သာတတက္ကသိုလ်အားကြည့်ရှုစစ်ဆေးစဥ် တက္က သိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပရိဝုဏ်သန့်ရှင်းသာယာလှပမှုရှိစေရေးစဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် မအူပင်မြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုကြည့်ရှုစစ်ဆေးစဥ် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာများနှင့်ပတ်သက်၍ မဟာဘွဲ့သင် တန်းများသင်ကြားပေးနိုင်ရေးအတွက် စနစ်တကျစီမံပြီးမှသာဆောင်ရွက်ရန် မှာကြားသည်။ အရည်အချင်းနှင့် ထူးချွန်ထက်မြက်သည့် သင်တန်း ဆင်းပညာရှင်များထွက်ပေါ်လာစေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့် ထိုးသတ်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ဦးစလုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071