Saturday, May 2, 2026

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြု...

လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ နှစ်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စုပေါင်းသွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်...

ပဲခူးတိုင်းမှလူရည်ချွန်များကို တိုင်းဝန်ကြီးချုပ်ကထောက်ပံ့ငွေကျပ် (၁၃၂) သိန်း...

၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းမှလူရည်ချွန်ကျောင်းသား/သူများကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ ၁ ရက်နံနက်ပိုင်းတွင် ထောက်ပံ့ငွေကျပ် (၁၃၂) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း...

IBEC ဆရာတော်နှင့် Taiwan Nibbâna...

အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ၏ IBEC ဆရာတော်နှင့် Taiwan Nibbâna Society တို့စုပေါင်း၍ စစ်ကိုင်းတိုင်းရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း (၁၅၅)...
HomeNewsLocal Newsဗြိတိန်၊ဆွီဒင်၊ဒိန်းမတ်နှင့်အိုင်ယာလန်နိုင်ငံတို့တွင်ရောက်ရှိနေသည့် မြန်မာကလေးများ အခြေခံပညာ...

ဗြိတိန်၊ဆွီဒင်၊ဒိန်းမတ်နှင့်အိုင်ယာလန်နိုင်ငံတို့တွင်ရောက်ရှိနေသည့် မြန်မာကလေးများ အခြေခံပညာ သင်ယူခြင်းအစီအစဉ်

ဗြိတိန်၊ဆွီဒင်၊ဒိန်းမတ်နှင့်အိုင်ယာလန်နိုင်ငံတို့တွင် ရောက်ရှိနေသည့် ၂၀၂၃ ခုနှစ်၊မေ ၃၁ ရက်က အ သက်(၅)နှစ်ပြည့်ပြီးသော မြန်မာကလေးများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာသင်ယူခြင်းအစီအစဉ်တက်ရောက်လိုပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

အခြေခံပညာသင်ယူခြင်းအစီအစဥ် (သူငယ်တန်းမှဒသမတန်း)အထိ တက်ရောက်လိုသူများသည် ကျောင်းဝင်ခွင့်လျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်၍ လျှောက်လွှာ(၃)စုံဖြင့် သြဂုတ် ၂၃ ရက်နောက်ဆုံးထား၍ လန်ဒန်မြို့ရှိ မြန်မာသံရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာတွင် (၆)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့ဓာတ်ပုံ (၃)ပုံ၊ ပူးတွဲကျောင်းဝင်ခွင့်လျှောက်လွှာ၊မိဘ ၂ ဦး/အုပ်ထိန်းသူနှင့်ကျောင်းသား၊ကျောင်းသူ၏ သက်တမ်းရှိသော မြန်မာနိုင်ငံကူးလက်မှတ်(မိတ္တူ)၊ဗြိတိန်နိုင်ငံတွင် နေထိုင်ခွင့်ဗီဇာ၊ Biometric Residence Permit(BRP)တို့လိုအပ်ကာ လျှောက်ထားသူသည် ကျောင်းတက်နေသူဖြစ်ပါက သက်ဆိုင်ရာကျောင်းမှထုတ်ပေးသည့် Confirmation of Acceptance for Studies (CAS)၊ အလုပ်လုပ်ကိုင်နေသူဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီမှထောက်ခံစာတို့ လိုအပ်မည်ဖြစ်သည်။

ထို့ပြင် KG တန်းအပ်နှံမည့်သူများအတွက် မွေးစာရင်း(မူရင်း/မိတ္တူ)၊အခြားအတန်းများသို့ အပ်နှံမည့်သူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မတိုင်မီ အမြင့်ဆုံးအောင်မြင်ခဲ့သောအတန်း၏ အောင်လက်မှတ်(သို့)ကျောင်းထွက်လက်မှတ်(မူရင်း)တို့ကိုတင်ပြရမည်ဖြစ်သည်။

ထိုသို့ တင်ပြရာ၌ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားကလေးငယ်များအနက် အခြေခံပညာသင်ယူခြင်းအစီအစဥ်မှ သင်ယူအောင်မြင်ပြီးသူများမှာမလိုအပ်​ပေ။

ထို့ကြောင့် ကျောင်းအပ်နှံလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက (44) 020 71480740 ၊ 020 74994340 နှင့် email လိပ်စာ [email protected] တို့သို့ နံနက် ၉ နာရီခွဲမှညနေ ၄ နာရီခွဲအထိ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြု ရွှေမြင်တင်စေတီတော်အားရေသပ္ပါယ်ပြီး ရင်ပြင်တော်သန့်ရှင်းရေးပြုလုပ်

လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယနေ့ မေ ၂ ရက်နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ရွှေမြင်တင်စေတီတော်မြတ်ကြီးအား ရေသပ္ပါယ်ခြင်း၊ စေတီ‌တော်ရင်ပြင်တော်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူခြင်းများပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သွေးလှူဒါန်း

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် လာမည့် မေ ၅ ရက်တွင်ကျရောက်မည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် စုပေါင်းသွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယနေ့ မေ ၂ ရက်နံနက်ပိုင်းက သွေးလှူဒါန်းခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည်ရှု့အားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို ခွန်အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့ပြင် နေပြည်တော်ရှိ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ သွေးလှူဒါန်းရာ...

ပဲခူးတိုင်းမှလူရည်ချွန်များကို တိုင်းဝန်ကြီးချုပ်ကထောက်ပံ့ငွေကျပ် (၁၃၂) သိန်း ပေးအပ်

၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့သွားရောက်မည့် ပဲခူးတိုင်းမှလူရည်ချွန်ကျောင်းသား/သူများကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေ ၁ ရက်နံနက်ပိုင်းတွင် ထောက်ပံ့ငွေကျပ် (၁၃၂) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ပေးအပ်ချိန်၌ တိုင်းဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကိုပခုံးပြောင်းတာဝန် ထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်စေရန်၊ ဗလငါးတန်ပြည့်ဝရေးအတွက် ပညာရေးကဏ္ဍကိုမဖြစ်မနေမြှင့်တင်ပေးသွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် သက်ဆိုင်ရာလူရည်ချွန်စခန်းများရောက်ချိန်တွင် တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအားထားယုံကြည်မှု စိတ်ဓာတ်ရေးရာအခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆိုစေလိုကာ နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071