ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၉၂၆,၈၇၅ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မေ ၂၂ ရက်က ပြုလုပ်သည့် FX Trading တွင် နိုင်ငံခြားငွေဝယ်ယူရရှိမှုအနေဖြင့် စက်သုံးဆီကဏ္ဍမှ ၂၁ ရာခိုင်နှုန်းဖြင့် အများဆုံးဝယ်ယူရရှိခဲ့ပြီး စားသုံးဆီကဏ္ဍမှ ၁၃ ရာခိုင်နှုန်း၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍမှ ၁၃ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများကဏ္ဍမှ ၈ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၉ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများကဏ္ဍမှ ၅ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာကဏ္ဍမှ ၁ ရာခိုင်နှုန်း၊ ဓာတ်မြေဩဇာကဏ္ဍမှ ၂ ရာခိုင်နှုန်းနှင့် စားသုံးကုန်စည်ကဏ္ဍမှ ၆ ရာခိုင်နှုန်း ဝယ်ယူရရှိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ကတ္တရာကဏ္ဍနှင့် ဂျုံကဏ္ဍတို့မှ ၃ ရာခိုင်နှုန်းစီ ဝယ်ယူရရှိခဲ့ပြီး အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များမှ ၁၆ ရာခိုင်နှုန်းအထိ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
