Wednesday, July 1, 2026

၂၀၂၆ ခုနှစ် ပထမ (၅)...

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏...

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ...

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့်...

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ ပထမရရှိခဲ့သည့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း...
HomeMoviesဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများမှ ကျောင်းသား/သူများအား...

ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများမှ ကျောင်းသား/သူများအား Placement Test ဖြင့် ပညာဆက်လက်သင်ယူနိုင်ရန် စီစဉ်

ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများ၏ ပညာရေးမပြတ်တောက်စေရေးအတွက် Placement Test စာမေးပွဲ ဖြေဆိုစေပြီး သက်ဆိုင်ရာအတန်းများတွင် ဆက်လက်ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားသည်။

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်း၏ ပညာရေးကဏ္ဍဆိုင်ရာ ကြယ်ပွင့်မပြမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တာဝန်ရှိသူက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်/ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်နှင့် ကိုက်ညီသည့် အတန်းများတွင် ပြန်လည်ပညာသင်ယူနိုင်ရန် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

အဆိုပါအစီအစဉ်အရ Grade-2 မှ Grade-9 အထိ ကျောင်းသား/သူများအား ဇွန် ၁၅ ရက်မှ ဇွန် ၂၀ ရက်အထိ မြို့နယ်အသီးသီးတွင် Placement Test စာမေးပွဲများ ဖြေဆိုစေခဲ့ပြီး ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသည့် ကျောင်းများမှ ကျောင်းသား/သူများ၏ ပညာရေးခရီးစဉ်ကို ဆက်လက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ဆရာ/ဆရာမများအနက် လက်ရှိရာထူးတွင် လုပ်သက် (၂) နှစ်ပြည့်သူများကို အပြောင်းအရွှေ့နှင့် ရာထူးတိုးလျှောက်ထားခွင့်ပြုထားပြီး လုပ်သက်မပြည့်သေးသူများကို ဖွင့်လှစ်သင်ကြားလျက်ရှိသည့် စာသင်ကျောင်းများတွင် ယာယီတွဲဖက်တာဝန်များ ထမ်းဆောင်စေလျက်ရှိကြောင်းလည်း ရှင်းလင်းဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် ပထမ (၅) လအတွင်း လာအို၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိ

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Vientiane Mai သတင်းစာက ဖော်ပြခဲ့သည်။ လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်နှင့် ပို့ကုန်ဦးတည်သည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဓိကတင်ပို့သည့် သီးနှံထွက်ကုန်များတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီ...

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed bin Mohammed Al-Ansari) က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။ "တင်းမာမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကို ထိန်းချုပ်ရာမှာလည်း ဒီလမ်းကြောင်းကို အသုံးပြုခဲ့ပြီးပါပြီ။ ဒီလမ်းကြောင်းဟာ အခုဆိုရင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်နဲ့ ပတ်သက်တဲ့...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ ဆောက်အအုံများကို အမြန်ဆုံးပြန်လည်တည်ဆောက်မည်

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်က ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများ၊ နေအိမ်များ၏ပျက်စီးမှုစာရင်းကို ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးမှုစာရင်းကောက်ယူရေးဆပ်ကော်မတီဝင်များမှလိုက်လံကောက် ယူခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071