Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeCelebrities' Newsဖုန်းပျောက်ဆုံးမှုကြောင့် စိတ်ညစ်ခဲ့ရတဲ့ စည်သူလွင်

ဖုန်းပျောက်ဆုံးမှုကြောင့် စိတ်ညစ်ခဲ့ရတဲ့ စည်သူလွင်

 

စည်သူလွင်က သူ့ရဲ့တစ်ကိုယ်တော်စီးရီးခွေအတွက် စီစဉ်နေပါပြီ။ ထွက်ရှိဖို့လုပ်နေတဲ့ စီးရီးခွေတွေလည်းရှိနေပေမယ့် ထွက်ခါနီးကျမှပဲ ပရိသတ်ကြီးကို အသိပေးတော့မယ်လို့ ပြောပါတယ်။ မကြာခင်က ဖုန်း အလိမ်ခံလိုက်ရတဲ့စည်သူလွင်က ဖုန်းနဲ့ပတ်သက်လို့ သူအတော်လေးဒုက္ခရောက်ခဲ့ရ ပါတယ်။ သူ့ဖုန်းကိုယူပြီး ဖုန်းထဲက Content တွေကို ဆက်သွယ်ကာ သူ့နာမည်နဲ့ငွေချေး တာမျိုးတွေကို လုပ်ခြင်းခံခဲ့ရပါတယ်။

“အဲဒါကြီးကတော့ မကောင်းဘူးလေ။ ကိုယ့်ဖုန်းထဲကရတဲ့ နံပါတ်တွေနဲ့ သူများကို လိုက်ပြီးတော့ အ နှောင့်အယှက် ပေးသလိုဖြစ်နေတာပေါ့။ အဲဒါတော့ နည်းနည်းစိတ်ရှုပ် စရာကောင်းတာပေါ့။ သူတောင်းတာကိုတစ်ယောက်မှတော့မပါသွားကြပါဘူး။ တော်သေး တယ်လို့ပဲပြောရမယ်”လို့ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ စည်သူလွင်က ပြောပါတယ်။ အခုခေတ်ကာလမှာတော့ ဖုန်းကိုတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ် ပြောဆိုဖို့ဆိုတာထက် အချက်အလက်များသိမ်းဆည်းခြင်း၊ အမှတ်တရ ဓါတ်ပုံများသိမ်းဆည်းခြင်းတွေအတွက်ပါ လူတွေတော်တော်များများ က အသုံးပြုကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖုန်းပျောက်သွားတဲ့ အခါမှာ ဖုန်းနဲ့အတူတူအချက်အလက်တွေပါ ပျက်စီးဆုံးရှုံးရတာမျိုး တွေဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း စည်သူလွင်က . . .

“ကျွန်တော်လည်း အခုဆိုရင်သတိထားမိသွားတယ်။ ဖုန်းကို အရင်တုန်းကလိုမျိုး လက်လွတ်စပယ်သိပ်မထားတော့ဘူး။ ဖုန်း တစ်ခုပျောက်သွားတဲ့အခါမှာ အလုပ်လုပ်ဖို့တောင်မှ တော်တော် နှောင့်နှေးသွားတယ်လေ။ ဒါကြောင့်သူငယ် ချင်းတွေအနေနဲ့ လည်း တတ်နိုင်သမျှတော့ဖုန်းကို ဂရုစိုက်ပါ။ ဖုန်းဆိုတာမျိုးက ကိုယ်နဲ့မကွာထားတာကောင်းပါတယ်။ ပျောက်သွားတာ အကြောင်းမဟုတ်ဘူး။ ပျောက်သွားလို့ ဖုန်းကိုရောင်းစားမယ့် သူဆိုရင် အကြောင်းမဟုတ်ဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ခြား ဟာတွေဆက်ပြီးတော့ လုပ်ချင်တဲ့လူမျိုးနဲ့တွေ့ရင်တော့ ကိုယ် လည်းဒုက္ခရောက်နိုင်တာပေါ့လေ။ ဖုန်းဆိုတာမျိုးက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါတဲ့ဟာမျိုးဆိုတော့ ပိုဂရုစိုက်သင့်ပါတယ်”လို့ သူ့ရဲ့အတွေ့အကြုံအရ ပြောပြပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071