Tuesday, August 4, 2026

စစ်မှုထမ်းတာဝန်ကျေပွန်သူများ ပြည်ပအလုပ်အကိုင်ရရှိရေး MOEAA နှင့်...

နေပြည်တော်၊ ဩဂုတ် ၄ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)...

ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့်...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄...

ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo...

ရန်ကုန်၊ ဩဂုတ် ၄ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ဆူးလေ–ဒလ...

အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ...

​အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ်...
HomeInternationalဖိလစ်ပိုင်တွင် တရုတ်လူမျိုးပိုင် အွန်လိုင်းအလိ-မ်အညာစင်တာကို...

ဖိလစ်ပိုင်တွင် တရုတ်လူမျိုးပိုင် အွန်လိုင်းအလိ-မ်အညာစင်တာကို ဝင်စီးပြီး လူ ၄၀၀ ကျော်ကို ဖမ်း

အွန်လိုင်းအလိ-မ်အညာလုပ်ငန်းများကို အရှိန်မြှင့်နှိမ်နင်းနေသည့် ဖိလစ်ပိုင်နိုင်ငံသည် မြို့တော်မနီလာရှိ တရုတ်လူမျိုးပိုင် ဂိမ်းစင်တာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် ဖိလစ်ပိုင်လူမျိုး ၃၀၇ ဦး၊ တရုတ်လူမျိုး ၁၃၇ ဦး၊ ဗီယက်နမ် သုံးဦး၊ ထိုင်း နှစ်ဦး၊ မလေးရှား နှစ်ဦး၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ် တစ်ဦးစီကို ဖမ်းဆီးခဲ့သည်ဟု သမ္မတ၏ ရာဇဝတ်ဂိုဏ်းတိုက်ဖျက်ရေး ကော်မရှင်က ကြာသပတေးနေ့ညပိုင်းကသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဖမ်းဆီးထားသူများကို ကနဦး တွေ့ဆုံမေးမြန်းမှုများအရ တရားမဝင် အွန်လိုင်းဂိမ်းလုပ်ငန်းသည် ရင်းနှီးမြုပ်နှံမှုဆိုင်ရာနှင့် အားကစားလောင်းကစားခြင်းများတွင် လိ-မ်လည်မှုများလုပ်နေပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံသားများကို ပစ်မှတ်ထားလုပ်ဆောင်သည်ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မနီလာရှိ တရုတ်သံရုံးက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိသေးပေ။

အဓိကအားဖြင့် တရုတ်လေ-ာင်းကစားသမားများကို ဝန်ဆောင်မှုပေးသည့် လေ-ာင်းကစားကုမ္ပဏီများကို ပြီးခဲ့သည့်နှစ်တွင် ဖိလစ်ပိုင်က တရားမဝင်ဟု သတ်မှတ်ခဲ့သည်။ သို့သော်လည်း နိုင်ငံခြားသားများ ထောင်နှင့်ချီ၍ ပါဝင်ပတ်သက်နေသော ယင်းလုပ်ငန်းများသည် နိုင်ငံတွင် ဆက်လက်တည်ရှိနေပြီး ပြည်နှင်ဒဏ်ပေးခံရနိုင်သည်ဟု အစိုးရက ပြောဆိုသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်မှုထမ်းတာဝန်ကျေပွန်သူများ ပြည်ပအလုပ်အကိုင်ရရှိရေး MOEAA နှင့် ချိတ်ဆက်ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် ၄ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနက် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်ရရှိစေရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။ အဆိုပါ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ပသို့ အလုပ်သမား စေလွှတ်မှု ပိုမိုမြန်ဆန်စေရန် မလိုအပ်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ဆောင်ရွက်ပေးနေကြောင်း၊ အရည်အသွေးမြင့် ပြည်ပအလုပ်အကိုင်ဈေးကွက်များ...

ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့် မြန်မာအသင်း

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် အဆိုပါပွဲစဉ်တွင် ဂိုးပြတ်အနိုင်ကစားမှသာ အုပ်စုအဆင့်မှ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် အုပ်စုပွဲစဉ်များတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အနိုင်ရယူထားနိုင်ခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် လာအိုအသင်းကို အနိုင်ရလဒ်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဂိုးကွာခြားချက် အသာရရှိစေရန်...

ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်များ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲ

ရန်ကုန်၊ ဩဂုတ် ၄ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားများသည် ယခင်က BRT Lite စနစ်အောက်တွင် ပြေးဆွဲခဲ့ပြီး နောက်ပိုင်း YBS ၃၇ ယာဉ်လိုင်းအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးခဲ့သော်လည်း နှစ်အတန်ကြာ ရပ်နားထားခဲ့ရသည့် ယာဉ်များဖြစ်သည်။ ယခုအခါ ယင်းဘတ်စ်ကားများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ဆူးလေ–ဒလ ယာဉ်လိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071