Saturday, July 18, 2026

ဗီယက်နမ်နှင့် ခြေစမ်းပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း နည်းပြချုပ်သစ်...

ရန်ကုန်၊ ဇူလိုင်-၁၈ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ဖိတ်ကြားချက်ဖြင့် ကျင်းပမည့် အာဆီယံချန်ပီယံရှစ်အကြို နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ Official Training Session နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၇...

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ကို အိန္ဒိယ လည်းပြေးဆွဲပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင် ပြေးဆွဲလိုက်ရာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် သန့်ရှင်းသော လေ-ာင်စာနည်းပညာကို အသုံးပြုသည့်...

မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယင်း ဖြစ်စဥ်နှစ်ရပ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ...

ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့်...

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနေပြီး ၎င်းတွင် ညဏ်ရည်တု AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်နှင့်...
HomeNewsLocal Newsဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ...

ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆိုလာမီးဆိုင်းများ ထောက်ပံ့

လွိုင်ကော်၊ဇူလိုင်-၁၈

ကယားပြည်နယ်အတွင်းရှိ ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ဆိုလာမီးဆိုင်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌ ယမန်နေ့ (ဇူလိုင်၁၇) က ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

ယင်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယခုထောက်ပံ့မှုတွင် ဒီးမော့ဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူ ၆၁၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ဖရူဆိုမြို့နယ် မာခရော်ရှေကျေးရွာရှိ အိမ်ထောင်စုများအတွက် ဆိုလာမီးနှင့် ဆက်စပ်ပစ္စည်း ၅၂ စုံကိုလည်းကောင်း လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်နှင့် ခြေစမ်းပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း နည်းပြချုပ်သစ် အန်ဒါဆင် ပြော

ရန်ကုန်၊ ဇူလိုင်-၁၈ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်၏ဖိတ်ကြားချက်ဖြင့် ကျင်းပမည့် အာဆီယံချန်ပီယံရှစ်အကြို နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း၏ Official Training Session နှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၇ ရက် ညပိုင်းက ဗီယက်နမ်နိုင်ငံ Thai Nguyen Stadium တွင် ပြုလုပ်ခဲ့သည်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဂျော်န် အန်ဒါဆင်နှင့် အသင်းခေါင်း ဆောင် နန္ဒကျော်တို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်ထားမှုများအပြင် လာမည့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် အသင်း၏ လေ့ကျင့်ပြင်ဆင်နေမှုများကိုပြောကြားခဲ့သည်။ နည်းပြချုပ် အန်ဒါဆင်က ဗီယက်နမ်နှင့် မြန်မာအသင်းတို့အကြား...

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထား ကို အိန္ဒိယ လည်းပြေးဆွဲပြီ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားကို သောကြာနေ့တွင် စတင် ပြေးဆွဲလိုက်ရာ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် သန့်ရှင်းသော လေ-ာင်စာနည်းပညာကို အသုံးပြုသည့် နိုင်ငံအနည်းငယ်ထဲမှ တစ် နိုင်ငံ ဖြစ်လာစေခဲ့သည်။      ဂျာမနီ၊ ဂျပန်၊ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အဆိုပါထိုရထားများ ကို အသုံးပြုသော လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပူးပေါင်းပါဝင်လာခဲ့သည်။ ၎င်းရထားများသည် အပူနှင့် ရေငွေ့ကိုသာ ဘေးထွက်ပစ္စည်းအဖြစ် ထုတ်လွှတ်ပြီး သမားရိုးကျ ဒီဇယ်စက်ခေါင်းများနေရာတွင် ပိုမိုသန့်ရှင်းသော အစားထိုးတစ်ခုဖြစ်သည်။        ခရီးသည် ၂,၆၀၀ ဆန့်သော ၁၀ တွဲပါ...

မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယင်း ဖြစ်စဥ်နှစ်ရပ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားကြောင်း သိရသည်၊ ထို့ပြင် မိုးလေဝသဖြစ်စဥ်နှစ်ရပ်ကြောင့် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းမှ ဇူလိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071