Tuesday, July 28, 2026

တိုင်းနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စုပေါင်းတံခွန်စိုက်ဆုဖလားများ...

ရန်ကုန်၊ ဇူလိုင် ၂၈ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသမီးတံခွန်စိုက်၊ အမျိုးသားတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများကို သိမ်းပိုက်ဆွတ်ခူးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ASEAN HYUNDAI CUP 2026...

ဖိလစ်ပိုင်၊ ဇူလိုင် ၂၈ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈...

ကယားပြည်နယ်တွင် ၅ နှစ်ကျော် သက်တမ်းလွန်...

နေပြည်တော်၊ ဇူလိုင် ၂၈ ကယားပြည်နယ်အတွင်း ၅ နှစ်ကျော် မှတ်ပုံတင်သက်တမ်းလွန်နေသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို သတ်မှတ်အထောက်အထားများ တင်ပြလာပါက ပြည်သူများ အဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်...

ပဲခူးနှင့် မဒေါက်တွင် မြစ်ရေ စိုးရိမ်ရေမှတ်သို့...

နေပြည်တော်၊ ဇူလိုင်-၂၈ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် ရေကြီးခြင်းသတိပေးချက်အရ ပဲခူးမြို့နှင့်...
HomeCelebrities' NewsCover Newsပရိုဂျူဆာလုပ်တော့မယ့် လင်းဇာနည်ဇော်

ပရိုဂျူဆာလုပ်တော့မယ့် လင်းဇာနည်ဇော်

lin-zar-ni-zaw-copy

သရုပ်ဆောင် လင်းဇာနည်ဇော်က Zaw Family ကုမ္ပဏီနာမည်နဲ့ သူ ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးတော့ မယ်လို့ သိရ ပါတယ်။

အခုလို ပရိုဂျူဆာလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး လင်းဇာနည်ဇော်က…

“အစ်မမိဘရဲ့ မိဘလက်ငုတ်လက်ရင်း အလုပ်ကလေးကို အဖေရော၊ အမေ ရော ရှိနေတဲ့အချိန်လေးမှာ အစ်မဆက်ပြီး ထိန်းသိမ်းချင် တာကြောင့် ပရိုဂျူဆာ အလုပ်ကို လုပ်ဖို့ လုပ်တာပါ။ အရင်ဦးဆုံး အစ်မတို့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ထုတ်ရိုက်ဖို့အတွက် Zaw
Family ဆိုပြီးတော့ ကုမ္ပဏီလေးလျှောက်ထားတယ်။ ပထမဦးဆုံးရိုက်ကူးမယ့် ရုပ်ရှင်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးကို ဇာတ်အိမ်   ကောင်းကောင်းလေး စီစဉ်ထားတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံးလည်း ပြင်ဆင်ထားပြီးပါပြီ။ ဒီနှစ်ပထမဆုံးစရိုက်တဲ့
ဇာတ်ကားလေးရဲ့ အခြေအနေပေါ် မူတည် ပြီးတော့လည်း ပရိုဂျူဆာအဖြစ် ဆက်လျှောက်မလား၊ မလျှောက်ဘူး လားဆိုတာ ဆုံးဖြတ် သွားမယ်။ အဲဒီအတွက် ပရိသတ်တွေကလည်း အရင်က အစ်မကို အားပေးခဲ့သလို ဒီဇာတ်ကားလေးကိုလည်း အားပေးကြစေချင်ပါတယ်။ အကောင်းဆုံးတော့ လုပ်ပေးသွားမှာပါ”လို့ ပြောပါတယ်။

လင်းဇာနည်ဇော် ပရိုဂျူဆာအဖြစ် ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကို သူ့အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးက ရိုက်ကူး သွားမှာဖြစ်ပြီး သရုပ်ဆောင်များ အနေနဲ့ကတော့ ကျော်သူ၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ခင်လှိုင်တို့ ပါဝင်သရုပ်ေ ဆာင်ကြမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလလယ်လောက်မှာ စတင်ရိုက်ကူးသွားတော့မှာဖြစ်ကြောင်း လည်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071