Wednesday, July 29, 2026

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက်...

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့...

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃...

တိုကျို၊ ဇူလိုင် ၂၉ ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ...

တောင်ကိုရီးယား-မာကိုဆာ ကုန်သွယ်ရေးသဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေး ဆိုးလ်နှင့်...

ဘရာဇီးလီယာ၊ ဇူလိုင် ၂၈ တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့်...

ဝန်အပြည့်တင်ဆောင်ထားစဉ် ၂၄ နာရီ မနားတမ်းပျံသန်းနိုင်သည့်...

ပေကျင်း၊ ဇူလိုင် ၂၈ တရုတ်နိုင်ငံက အရပ်ဘက်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပထမဆုံး တန်ချိန်အဆင့် ဝေးလံခရီးသွား မောင်းသူမဲ့လေယာဉ် (UAV) TP200 ကို ပထမဆုံးအကြိမ်...
HomeNewsLocal Newsပြိုကျခဲ့သည့် မရှိခဏစေတီတော် နေရာကို...

ပြိုကျခဲ့သည့် မရှိခဏစေတီတော် နေရာကို ရှင်းလင်းရာမှ ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ မရှိခဏ စေတီတော်ကြီး ပြိုကျသည့် နေရာကို ရှင်းလင်းရာ ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ထပ်မံရှာ ဖွေတွေ့ရှိခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မရှိခဏ စေတီတော်ကြီး ပြိုကျခဲ့ရပြီး စစ်ကိုင်းမြို့နယ်မီးသ-တ်စခန်းနှင့် မြင်းမူမြို့နယ်မီးစခန်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေး လုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ဧပြီ (၂၇)ရက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှာဖွေတွေ့ရှိခဲ့သည့် ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်၊ လက်ဝတ်ရတနာများ၊ ကျောက်အမျိုးမျိုးနှင့် ငွေထည်ပစ္စည်းများ ဘုရားဂေါပက အတွင်းရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ(၂၆) ရက်ကလည်း မရှိခဏ စေတီတော်မြတ်ကြီးအတွင်းမှ စေတီတော် စိန်ဖူးတော် ငှက်မြတ်နားတော်တွင် လှူဒါန်းထားသည့် အမျိုးအမည် (၃၄)မျိုးသော လက်ဝတ် ရတနာနှင့် ရွှေ(၃)ကျပ်သားကို တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာ ကျောင်းထိုင်ဆရာတော်နှင့် ဘုရားဂေါပကအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ပဲခူးတိုင်းဒေသကြီးတိုတွင် အဆောက်အဦး ထိခိုက်ပျ-က်စီး လူထိခို‌ေ-သဆုံးမှု အများဆုံးကြုံတွေ့ခဲ့ရပြီး လက်ရှိ ငလျင်ဘေးသင့် ဒေသအသီးသီး၌ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက် အီရန်အရေးကိစ္စကို ဇယ်လန်းစကီးအသုံးချနေဟုဆို

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးသံတမန် Rodion Miroshnik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ ​Miroshnik က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ "လက်ရှိအခြေအနေမှာ ဇယ်လန်းစကီးဟာ ဒါတွေအားလုံးကို PR(ပုံရိပ်မြှင့်တင်ရေး)ကိစ္စအတွက် သုံးနေတာပါ။ ဒါပေမဲ့ ဒီလို PR လုပ်တာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သိပ်ကို ပေါ်လွင်ပြီး ပိုက်ဆံအဖြစ် ပြောင်းလဲလို့ရမယ့် ကိစ္စလည်း...

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်၊ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

တိုကျို၊ ဇူလိုင် ၂၉ ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာပြီး ထောင်နှင့်ချီသော နေအိမ်များတွင် လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်ခြင်း၊ လမ်းများ ကွဲအက်ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက ပျေ-ာက်ဆုံးနေသူများကို အရှိန်မြှင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ကူမာမိုတိုမြို့အနီး တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သည့် ဈေးဝယ်စင်တာအတွင်းမှ လူရှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း အလုပ်သမား ၂၀ မှ ၃၀ ဦးခန့် ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တောင်ကိုရီးယား-မာကိုဆာ ကုန်သွယ်ရေးသဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေး ဆိုးလ်နှင့် ဘရာဇီး သဘောတူ

ဘရာဇီးလီယာ၊ ဇူလိုင် ၂၈ တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဘရာဇီးသမ္မတ လူဝီ အင်နာစီယို လူလာ ဒါ ဆေးလ်ဗားတို့ သဘောတူညီခဲ့ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် သမ္မတ လီဂျေးမြောင်သည် တနင်္လာနေ့က ပြုလုပ်သည့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီးယားကုမ္ပဏီများအတွက် မာကိုဆာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သကဲ့သို့ ဘရာဇီးနှင့် မာကိုဆာအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071