ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ ပြည်သူများလာရောက်ဆင်နွှဲသည့်အကြတ်နေ့ မြင်ကွင်းများဖြစ်သည်။
သင်္ကြန် အကြတ်နေ့၌ ပြည်သူ့ရင်ပြင်တွင် ရေကစားကြသည့် သင်္ကြန်မောင်မယ်များကို အောင်ဇမ္ဗူနှင့် အဖွဲ့ဝင်များ၊နာမည်ကြီး အနုပညာရှင်များမှတေးသီချင်းများဖြင့်ဖျော်ဖြေလျက်ရှိသလိုလာရောက်ဆင်နွှဲသူများအတွက် သနပ်ခါးလိမ်းခြယ်နိုင်သည့် နေရာများကိုလည်း စီစဉ်ပေးထားသည်။
အလားတူ ကလေးများဆော့ကစားနိုင်ရန် ရေမြုပ်မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သည်။
