နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလာကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီ ဈေးနှုန်းအပေါ်တွင်အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းများသည်လည်း တစ်လီတာလျှင် (၇၅) ကျပ်မှ (၁၂၅) ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။
ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ်ချက် ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။
ထို့ပြင် အရန်စက်သုံးဆီ ရက်သတ္တပတ်(၂)ပတ်စာခန့်ရှိပြီး ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများလည်း အဆက်မပြတ် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
