Monday, May 25, 2026

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး...

ယနေ့(မေ ၂၅ )ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း...

ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုတွင် ဓါတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်...

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊လှိုင်မြို့နယ်တို့က 33 KV ဓါတ်အားလိုင်းများ နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်းရှင်းလင်းခြင်းများ ကို မေလ...

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေး

ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ ယခု သင်တန်းတွင်...

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃) အလုပ်ရုံဆွေးနွေးပွဲ...

ယနေ့ မေလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်(၃) အရ စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌...
HomeNewsLocal Newsပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနအကြီးအကဲများသည် အောက်ခြေအထိအဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍...

ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနအကြီးအကဲများသည် အောက်ခြေအထိအဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ်ဝန်ဆောင်မှုပေးရန်လိုအပ်ဟု နစက ဒု- ဥက္ကဋ္ဌပြော

ပြည်နယ်အစိုးရအဖွဲ့နှင့်ဝန်ကြီးဌာနအကြီးအကဲများသည် အောက်ခြေအထိအဂတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ်ဝန်ဆောင်မှုပေးရန်လိုအပ်ဟု နစက ဒု- ဥက္ကဋ္ဌပြော

နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇွန် ၁၃ ရက်က ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ပြည်နယ်အ ဆင့်အစိုးရအဖွဲ့များ၊ဌာနဆိုင်ရာများအားတွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်ကို လာရခြင်းက ပြည်နယ်အစိုးရ အဖွဲ့နဲ့ဌာနဆိုင်ရာတွေဟာ နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဦးတည် ချက် ၉ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အခြေအနေ‌တွေ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းဆောင်ရွက်နေတာတွေကို သိဖို့နဲ့လို အပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လာတာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူအပေါ် မိသားစုစိတ်ဖြင့် ဦးစီးဦးဆောင်ပြုကာ ပြည်သူ လူထု၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ပညာ ရေးမှစ၍ ပံ့ပိုးစောင့်ရှောက်ပေးရန်လိုအပ်သည်ဟု မှာကြားသည်။

“ပြည်နယ်အစိုးရအဖွဲ့နဲ့ဝန်ကြီးဌာနအကြီးအကဲတွေဟာ အောက်ခြေအထိ အဂတိတရားကင်းကင်းနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး ပြည်သူတွေ အပေါ်ဝန်ဆောင်မှုပေးဖို့လိုအပ်ပါတယ်”ဟု နစက ဒု- ဥက္ကဋ္ဌကပြောသည်။

အလားတူ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏ တိုးတက်ရာတိုးတက်ကြောင်းအား ဆွေးနွေးညှိ နှိုင်းပူးပေါင်း၍ ပြည်နယ်၏ယုံကြည်ကိုးစားမှုရရှိစေရန် ဆောင်ရွက်သွားရန်လိုအပ်သည်ဟု တိုက် တွန်းပြောကြားခဲ့သည်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာ၌ ရေတိုလုပ် ငန်းနှင့်ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများရှိ၍ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများအား စီမံ ကိန်းစနစ်တကျရေးဆွဲကာ အပိုင်းလိုက်ဆောင် ရွက်သွားရန်လိုအပ်ပြီး ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများအား လျင်လျင်မြန်မြန်အင်တိုက် အားတိုက်ဖြင့် ထင်သာမြင်သာရှိသည့် အကျိုးတရားရရှိစေရန် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

“ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းက ပြည်နယ်ရဲ့ အားသာချက်တစ်ခုဖြစ်သလို ဒေသခံပြည်သူ့အ များစုလုပ်ကိုင်တဲ့လုပ်ငန်းဖြစ်တာကြောင့် မိရိုးဖ လာသမားရိုးကျလုပ်ကိုင်မှုအစား သိပ္ပံနည်းကျအ ဆင့်မြှင့်တင်ပြီး ကျွမ်းကျင်တဲ့အတတ်ပညာရှင်တွေရဲ့အကူအညီရယူပြီး စီးပွားဖြစ် ငါး၊ပုစွန်၊ဂ ဏန်းပျော့မွေးမြူရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်ရင် စီးပွားရေးအခွင့်အလမ်းကောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရမှာဖြစ်သလိုဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောဆိုမှာကြားသည်။

အလားတူ ခရီးသွားလုပ်ငန်းအား အဆင့်မြှင့်တင်နိုင်ရန် ပြင်ဆင်ရမည်ဖြစ်ကာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးကန့်သတ်ချက်များအား အဆင့်လိုက်ဖြေလျှော့ထားပြီးဖြစ်၍ မြောက်ဦးရှေးမြို့ဟောင်း၊ငပလီနှင့်ကမ်းရိုးတန်းတစ်လျှောက် အ ပန်းဖြေကမ်းခြေများအား ခရီးသွားများ စိတ်ဝင် စားမှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်သည်ဟုပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံပြီး ဘောလုံးအားကစားတိုးတက်ရေး အကြံဥာဏ်ရယူဆွေးနွေး

ယနေ့(မေ ၂၅ )ရက်က ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဘောလုံးအားကစားတိုးတက်ရေးအတွက် အာရှလက်ရွေး စင်ဟောင်း ဘောလုံးအားကစားသမားများ၏ အကြံဉာဏ်ကို ရယူဆွေးနွေးခဲ့ကြောင်း သိရသည်။ အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစားသများ၏ အောင်မြင်မှုများကို လူငယ်များအနေဖြင့် ယနေ့အချိန်ထိဂုဏ်ယူအားကျနေရကြောင်း၊ ယခုအခါ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုကျင်းပလျက်ရှိသကဲ့သို့ လိဂ်ပြိုင်ပွဲများကိုလည်း ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့သည်။ အားကစား သိပ္ပံကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး၏ ဘောလုံးအားကစားနည်း တိုးတက်စေရေးအတွက်လည်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ဝန်ကြီးချုပ်ဦးအေးကျော်က ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် အာရှလက်ရွေးစင်ဟောင်း ဘောလုံးအားကစား...

ရန်ကုန်မြို့ရှိ မြို့နယ်သုံးခုတွင် ဓါတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင်းရှင်းလင်းမည်ဖြစ်သဖြင့် ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ၊ကြည့်မြင်တိုင်မြို့နယ် ၊လှိုင်မြို့နယ်တို့က 33 KV ဓါတ်အားလိုင်းများ နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်းရှင်းလင်းခြင်းများ ကို မေလ ၂၆ ရက်နေ့ မနက် ကိုးနာရီကနေ ၁၂ နာရီအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ သိရသည်။ အဆိုပါ ဆောင်ရွက်မည့်အချိန်တွင် 33KV ဟုံဟိုင်း-ဟံသာဝတီဖိဒါ နှင့် ဟုံဟိုင်း-FID ဖီဒါတို့ကို ဓါတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထိုကြောင့် ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရှိ ကမ်းနားလမ်းတလျှောက်၊အောင်ဇေယျအိမ်ယာ၊ဆင်မင်းအိမ်ယာ၊ဆင်မင်းလမ်း၊သီရိမင်္ဂလာဥယျာဉ် အိမ်ယာ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားလမ်းတလျှောက်၊ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ထီးတန်းစက်မြေရပ်ကွက်၊ဈေးကလေးရပ်ကွက်၊ဦးပိုင်ဆီကန်များ၊တန်(၃၆၀)ဆန်စက်နှင့်...

ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေး

ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ ယခု သင်တန်းတွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချပြဆွေးနွေးခြင်းအားဖြင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ များစွာတိုးတတ်လာမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဉက္ကဌ ဦးကျော်ကျော်စိုးမှလည်း လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲဆောင်ရွက်သည့် လုပ်ငန်းများတွင် စိစစ်ထိန်းကျောင်းခြင်းများပါဝင်သည့်အတွက် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ မူဘောင်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ရန် လေးစားစွာလေ့လာဖို့ တိုက်တွန်းပြောကြားခဲ့သည်။ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူးမှ တိုင်းအဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071