Tuesday, August 4, 2026

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...
HomeNewsLocal Newsပူတာအိုမြို့တွင် စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့နေရ

ပူတာအိုမြို့တွင် စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့နေရ

(Unicode)

ပူတာအိုမြို့တွင် စက်သုံးဆီပြတ်လပ်မှုများကြုံတွေ့နေရ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ထိတွေ့တိုက်ပွဲဖြစ်စဥ်များကြောင့် မြစ်ကြီးနား-ပူတာအို သွားကားလမ်းအား ပိတ်ထားလျက်ရှိသည်။

“ကားလမ်းပိတ်တာက အတိအလင်းပိတ်လိုက်တာမျိုး ညွှန်ကြားချက်နဲ့ပိတ်လိုက်တာမျိုး မဟုတ်ဘူး တိုက်ပွဲဖြစ်နေတော့ ဆီဘောက်ဆာကားတွေတခြားကုန်ကားတွေက ဖြတ်မမောင်းရဲကြတဲ့အတွက် ကားလမ်းကပိတ်ထားသလိုဖြစ်နေတာ”ဟုဒေသခံတစ်ဦးကပြောသည်။

ထိုသို့ လမ်းပိတ်ထားမှုကြောင့် ပူတာအိုမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုများဖြစ်ပေါ်နေကာ ကျန်ရှိနေသည့် စက်သုံးဆီများမှာလည်း စျေးနှုန်းအဆမတန် မြင့်တက်လာလျက်ရှိသည်ဟု ဒေသခံများထံ မှသိရသည်။

“ဆိုင်အသေးလေးတွေကိုမပြောနဲ့ စက်သုံးဆီအရောင်းဆိုင်အကြီးကြီးတွေမှာတောင် ဆီကပြတ်နေပြီ စက်သုံးဆီပြတ်တဲ့အတွက် နောက်ဆက်တွဲ ကုန်စျေးနှုန်းတွေထပ်ပြီးမြင့်တက်လာတာတွေရှိတယ်”ဟုပူတာအိုမြို့နေသူတစ်ဦးကပြောသည်။

စက်သုံးဆီပြတ်လပ်မှုနှင့်လမ်းပိတ်ထားမှုတို့ကြောင့် ကုန်တင်ကားများ၊လူမှုကူညီရေးအသင်းကားများနှင့်ဆိုင်ကယ်များအားအားပြုသွားလာနေရသည့် ဒေသဖြစ်၍ စက်သုံးဆီပြတ်တောက်မှုကြောင့် ရပ်နားထားရခြင်းများရှိသည်ဟု ဒေသခံများထံမှသိရသည်။

“စက်သုံးဆီနဲ့ပတ်သက်တာတွေအကုန်ရပ်ထားရပြီ ရှိသလောက်လေးကိုမျှတပြီးရောင်းပေးနေတဲ့ဆိုင်တွေတော့အနည်းအကျဥ်းရှိတယ် ပြင်ပကနေဝင်လာတဲ့ကုန်ပစ္စည်းနဲ့စားသောက်ကုန်တွေမရှိတော့ မြို့မှာစိုက်ပျိုးထားတဲ့သစ်သီးသစ်ရွက်တွေကိုပဲအားပြုနေရတော့တာ”ဟုပူတာအိုမြို့နေသူတစ်ဦးကပြောသည်။

ယခင်က ပူတာအိုမြို့တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီတစ်လီတာလျင် ငွေကျပ် ၁၀၀၀ ကျော်ခန့်သာပေးချေရသော်လည်း လက်ရှိအချိန်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် အနည်းအကျဥ်းရောင်းချရန်ကျန်ရှိသည့် စက်သုံးဆီဆိုင်အချို့တွင် တစ်လီတာလျင် ယခင်စျေးနှုန်းထက်များစွာပိုမိုပေးချေဝယ်ယူနေရသည်ဟု ဒေသခံများထံမှသိရသည်။

“အရင်စျေးထက်အများကြီးပိုပေးရတာတောင် ခွဲတမ်းနဲ့ပဲဝယ်လို့ရတယ် လိုသလောက်ဝယ်ခွင့်မပေးထားဘူး အဲဒါကိုတော့နားလည်ပါတယ် သူတို့လည်း ရှိသလောက်လေးကို လိုအပ်တဲ့လူတွေရ အောင်ရောင်းပေးရတာလေ အခုချိန်ကတော့ တစ်ယောက်ကို စက်သုံးဆီတစ်လီတာဆီဝယ်ခွင့်ရနေသေးတယ် ရက်ကြာလာရင်တော့စက်သုံးဆီကလုံးဝပြတ်သွားမှာသေချာတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

(Zawgyi)




ထိုသို့ လမ်းပိတ်ထားမှုကြောင့် ပူတာအိုမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုများဖြစ်ပေါ်နေကာ ကျန်ရှိနေသည့် စက်သုံးဆီများမှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်လာလျက်ရှိသည်ဟု ဒေသခံများထံ မှသိရသည်။

“ဆိုင်အသေးလေးတွေကိုမပြောနဲ့ စက်သုံးဆီအရောင်းဆိုင်အကြီးကြီးတွေမှာတောင် ဆီကပြတ်နေပြီ စက်သုံးဆီပြတ်တဲ့အတွက် နောက်ဆက်တွဲ ကုန်ဈေးနှုန်းတွေထပ်ပြီးမြင့်တက်လာတာတွေရှိတယ်”ဟုပူတာအိုမြို့နေသူတစ်ဦးကပြောသည်။



ယခင်က ပူတာအိုမြို့တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီတစ်လီတာလျင် ငွေကျပ် ၁၀၀၀ ကျော်ခန့်သာပေးချေရသော်လည်း လက်ရှိအချိန်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် အနည်းအကျဉ်းရောင်းချရန်ကျန်ရှိသည့် စက်သုံးဆီဆိုင်အချို့တွင် တစ်လီတာလျင် ယခင်ဈေးနှုန်းထက်များစွာပိုမိုပေးချေဝယ်ယူနေရသည်ဟု ဒေသခံများထံမှသိရသည်။

“အရင်ဈေးထက်အများကြီးပိုပေးရတာတောင် ခွဲတမ်းနဲ့ပဲဝယ်လို့ရတယ် လိုသလောက်ဝယ်ခွင့်မပေးထားဘူး အဲဒါကိုတော့နားလည်ပါတယ် သူတို့လည်း ရှိသလောက်လေးကို လိုအပ်တဲ့လူတွေရ အောင်ရောင်းပေးရတာလေ အခုချိန်ကတော့ တစ်ယောက်ကို စက်သုံးဆီတစ်လီတာဆီဝယ်ခွင့်ရနေသေးတယ် ရက်ကြာလာရင်တော့စက်သုံးဆီကလုံးဝပြတ်သွားမှာသေချာတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

Ads Space Available


Continue reading

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆ ရက်အထိကျင်းပလျက်ရှိသည့် (၅)နှစ်ပြည့် နိုင်ငံတကာပို့ဆောင်ရေးထိပ်သီးအစည်းအဝေး-၂၀၂၆ တွင် လက် မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအဝေးကာလ၏ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် နိုင်ငံတကာမှ မြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၊ နေပြည်တော်နှင့် ရန်ကုန်မြို့၊ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၊ ဂါနာနိုင်ငံ၊ Accra မြို့၊ Turkiye နိုင်ငံ၊...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မိုင်တိုင် ၁၄၃/၆ အနီးအရောက်၌ ယာဉ်၏ အချက်ပြမီး လင်းလာသဖြင့် လမ်းဘေးရပ်တန့်ကာ ရှေ့စက်ဖုံး ဖွင့်ကြည့်စဉ် အင်ဂျင်ခန်းအတွင်းမှ...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071