Saturday, September 12, 2026

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂...

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင်...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့်...

အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန်...

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက်...

ပင်လောင်းမြို့နယ်၌ ဘိန်းအစားထိုး ပဲပုပ်သီးနှံ ဧက...

ပင်လောင်း၊ စက်တင်ဘာ ၁၂ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့တို့တွင် ယခု ၂၀၂၆ ခုနှစ်အတွင်း ဘိန်းအစားထိုးသီးနှံအဖြစ် ပဲပုပ်သီးနှံ လျာထားဧက...
HomeNewsLocal Newsပိုလန်တွင် မြန်မာ့ဆန်တန်ချိန် ၂၅၀...

ပိုလန်တွင် မြန်မာ့ဆန်တန်ချိန် ၂၅၀ ၌ ပိုးမွှားအသေတွေ့ရှိမှုသတင်းအပေါ် ဆန်စပါးအသင်းချုပ် ရှင်းလင်း

ရန်ကုန်၊ စက်တင်ဘာ ၁၂

ပိုလန်နိုင်ငံ Gdansk ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် မြန်မာ့ဆန်တန်ချိန် ၂၅၀ အတွင်း ပိုးမွှားအသေများနှင့် ပိုးမွှားအကြွင်းအကျန်များ တွေ့ရှိခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာ ၁၁ ရက်တွင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

TVP News ၏ ဖော်ပြချက်တွင် မြန်မာ့ဆန်တန်ချိန် ၂၅၀ အတွင်း ပိုးမွှားအသေ (Dead Insect) နှင့် ပိုးမွှားအကြွင်းအကျန်များ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း အဆိုပါဆန်ကို မည်သည့်ကုမ္ပဏီက တင်သွင်းခဲ့သည်၊ Gdansk ဆိပ်ကမ်းသို့ မည်သည့်နေ့တွင် ရောက်ရှိခဲ့သည်နှင့် မည်သည့်ကုမ္ပဏီက ဖြန့်ဖြူးရောင်းချသည်ဆိုသည့် အချက်အလက်များကို ဖော်ပြထားခြင်းမရှိကြောင်း အသင်းချုပ်က ဆိုသည်။

ပိုလန်နိုင်ငံသည် မြန်မာ့ဆန်ဖြူနှင့် ပေါင်းဆန်ကို ပုံမှန်ဝယ်ယူသည့် ဥရောပဈေးကွက်တစ်ခုဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉,၄၃၂၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆၄,၇၅၂ နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၇,၃၄၃ တင်ပို့ထားကြောင်း သိရသည်။ အဆိုပါကာလအတွင်း ပိုလန်သို့ မြန်မာ့ဆန် စုစုပေါင်းတန်ချိန် ၁၈၁,၅၂၇ တင်ပို့ထားပြီး ကုမ္ပဏီ ၈၇ ခု ပါဝင်တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ပိုလန်အပါအဝင် ဥရောပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် သင်္ဘောမတင်မီ Pre-shipment Inspection ပြုလုပ်ရသည့်အပြင် Microbiological Requirements၊ Phytosanitary၊ GMO Free၊ Fumigation၊ Heavy Metals၊ Mycotoxins၊ အခြားအဆိပ်အတောက်များနှင့် Pesticides Residue စသည့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များကို တတိယအဖွဲ့အစည်းများဖြင့် စစ်ဆေးရကြောင်း အသင်းချုပ်က ရှင်းလင်းထားသည်။

မြန်မာ့ဆန်ပို့ကုန်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများနှင့်အညီ FOB စနစ်ဖြင့် တင်ပို့ခြင်းဖြစ်ပြီး သင်္ဘောတင်ပြီးချိန်အထိ ကုန်တင်ပို့သူ (Seller) က တာဝန်ယူရကာ ယင်းနောက်ပိုင်း အရည်အသွေးဆိုင်ရာတာဝန်များမှာ စာချုပ်ပါသတ်မှတ်ချက်များအရ ဝယ်ယူသူ (Buyer) နှင့် အရည်အသွေးစစ်ဆေးသည့် တတိယအဖွဲ့အစည်းများနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားသည်။

သင်္ဘောခရီးကွာဝေး၍ ကြာမြင့်ခြင်း၊ Buyer ဘက်မှ သင်္ဘောစီစဉ်မှုနှင့် ကုန်သေတ္တာထုတ်ယူမှု ကြာမြင့်ခြင်းစသည့် အခြေအနေများ ဖြစ်ပေါ်နိုင်သဖြင့် မြန်မာ့ဆန်တင်ပို့သူများအနေဖြင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ်များကို ပိုမိုဂရုပြု လိုက်နာဆောင်ရွက်ရန်လည်း အသင်းချုပ်က အသိပေးထားသည်။

ထို့ပြင် ဥရောပနိုင်ငံများနှင့် အခြားဆန်ဝယ်ယူသည့်နိုင်ငံများရှိ Buyer များနှင့် မြန်မာနိုင်ငံရှိ Seller-Exporter များအကြား စာချုပ်များ ခိုင်မာစွာချုပ်ဆိုကာ အရည်အသွေးပိုင်းဆိုင်ရာ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို ရှင်းလင်းတိကျစွာ ထည့်သွင်းသတ်မှတ်ရန် ပို့ကုန်ကုမ္ပဏီများကို တိုက်တွန်းထားသည်။

အဆိုပါဖြစ်စဉ်ကို ဆက်လက်လေ့လာသုံးသပ်၍ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြကာ လမ်းညွှန်မှုရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်သို့ သွားရောက်လေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပုနှင့် နံရံပန်းချီ၊ ရုပ်ကြွလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။ အန်ကောဝပ်ကျောင်းတော်သည် ခမာဘုရင် Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သည့်...

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင် ရွှေ့ဆိုင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းအဝေးကို ဦးဆောင်ခဲ့သည့် ဘုရင် ဆူလ်တန် အီဘရာဟင်မ်က အကျဉ်းသား ၆၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း နာဂျစ်၏ လျှောက်ထားမှုကို နောက်တစ်ကြိမ် အစည်းအဝေးအထိ ရွှေ့ဆိုင်းဆွေးနွေးရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနခွဲက ထုတ်ပြန်သည်။ ယခုလျှောက်ထားမှုမှာ နာဂျစ်အတွက် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခြင်းဖြစ်သည်။ နာဂျစ်သည် ၎င်းဝန်ကြီးချုပ်တာဝန်ယူစဉ် ပူးတွဲတည်ထောင်ခဲ့သည့်...

အိန္ဒိယ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရန် မိုဒီနှင့် ပူတင် သဘောတူ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် စွမ်းအင်နှင့် ကာကွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံအကြား အထူးနှင့် ဦးစားပေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် သဘောတူခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည်။ ခေါင်းဆောင်နှစ်ဦးသည် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယူးဒေလီမြို့၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် အနောက်အာရှနှင့် ပင်လယ်နက်ဒေသတို့၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရေကြောင်းကုန်သွယ်မှုနှင့် အိန္ဒိယသင်္ဘောသားများ၏ ဘေးကင်းလုံခြုံရေးအပေါ် သက်ရောက်နေမှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ပဋိပက္ခများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071