ပါကစ္စတန်သည် အိန္ဒိယစစ်စခန်းများကို လက်တုန့်ပြန်တိုက်ခိုက်သည့် စစ်ဆင်ရေးစတင်လိုက်ပြီးနောက် ဝန်ကြီးချုပ် ရှေဘတ်ဇ် ရှာရစ်ဖ်သည် နိုင်ငံတော် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(NCA) အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်ဟု စစ်တပ်က ယနေ့(မေလ ၁၀ရက်နေ့) တွင် ကြေညာသည်။ အရပ်ဘက်နှင့် စစ်ဘက်ထိပ်တန်းအရာရှိများ ပါဝင်သည့် NCA သည် ပါကစ္စတန်၏ နျူကလီးယားလက်နက်တိုက်ဆိုင်ရာ အပါအဝင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်ချက်ချသည့် အမြင့်ဆုံးအဖွဲ့ဖြစ်သည်။
နျူ ကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများ သိသိသာသာမြင့်တက်လာချိန်တွင် အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံစလုံးကဒရုန်းများ ကိုအသုံးပြု၍ ကျူးကျော်တိုက်ခိုက်ခြင်းနှင့် အခြား လက်နက်ခဲယမ်းများ ကို အသုံးပြု၍တိုက်ခိုက်ခြင်းများ ပါဝင်သော ဝေဟင်ပိုင်နက်ချိုးဖောက်တိုက်ခိုက်မှုများအတွက် အပြန်အလှန်စွပ်စွဲ ပြောဆိုနေကြသည်။
ပါကစ္စတန်က စစ်ဆင်ရေးလုပ်လိုက်ခြင်းနှင့် နောက်ဆက်တွဲ NCA အစည်းအဝေးခေါ်ယူခြင်းသည် လက်ရှိ အခြေအနေ၏ အတိမ်အနက် ကိုသိပြီးနှင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် တောင်းဆိုကာ နိုင်ငံတကာအသိုက်အဝန်းက အခြေအနေကို အနီးကပ်စောင့်ကြည့်နေစဉ်မှာပင် ဒေသတွင်း ပြင်းထန်လာမည့် အလားအလာများကို တွေ့မြင်နေရသည်။
စနေနေ့အစောပိုင်းတွင် ပါကစ္စတန်လေတပ်စခန်းများ၌ ပြင်းထန်သောပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရပ်ဖက်နှင့် ကုန်သွယ်လေကြောင်းလိုင်းအားလုံးအတွက် နိုင်ငံတစ်ဝန်း ဝေဟင်ပိုင်နက်အသုံးပြုမှုကို ချက်ချင်းပိတ်ပစ်ခဲ့သည်။
၎င်း၏ လေတပ်အခြေစိုက်စခန်း သုံးခု တိုက်ခိုက်ခံခဲ့ရသည်ဟု ပါကစ္စတန်စစ်တပ်က အတည်ပြုခဲ့သည်။ ယင်းတို့ထဲတွင် အစ္စလာမ်မာဘတ်မှ ၁၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး နိုင်ငံ၏ စစ်ဌာနချုပ်နှင့် ကပ်လျက်ရှိသော ရာဝါလ်ပင်ဒီရှိ Nur Khan လေတပ်စခန်းလည်း ပါဝင်သည်။ ယခင်က Chaklala လေတပ်စခန်းအဖြစ် လူသိများသော Nur Khan စခန်းသည် အရေးကြီးသော လေတပ်စစ်ဆင်ရေးများအပြင် ဗီအိုင်ပီ သယ်ယူပို့ဆောင်ရေးယူနစ်များ ပါရှိသည်။
Nur Khan လေတပ်စခန်းအပြင် Chakwal မြို့တွင်တည်ရှိသည့် Murid လေတပ်စခန်း၊ ပန်ဂျပ်ပြည်နယ် Jhang ခရိုင်တွင်တည်ရှိသည့် Rafiqui လေတပ်စခန်းတို့လည်း ပေါက်ကွဲမှုများဖြစ်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။
Ref: နူးစ်၁၈