မိုးရာသီကာလရောက်ရှိပြီဆို တာနဲ့ ဇာတ်သဘင်ချစ်ပရိသတ်တွေ က မျှော်စင်ကျွန်းမှာ ပြုလုပ်တဲ့ မိုးရာ သီအထူးဖျော်ဖြေပွဲကို ကြည့်ရှုအား ပေးဖို့ စောင့်မျှော်နေကြမှာပါ။ ပရိ သတ်တွေ စောင့်မျှော်နေကြတဲ့ အတိုင်း တင်မောင်ဆန်းမင်းဝင်းတို့ အဖွဲ့ကလည်း မိုးရာသီဖျော်ဖြေပွဲ အတွက် အကတိုက်နေကြပြီဖြစ်ပါ တယ်။
မိုးရာသီဖျော်ဖြေပွဲကို ဇူလိုင်လ ၂၁ရက်နေ့က စတင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ကပြတင် ဆက်သွားမှာဖြစ်ပါတယ်။
”ဒီနှစ်အတွက်လည်း ကိုဆန်း မင်း ပြင်ဆင်နေပါပြီ။ ဒီနှစ်မှာတော့ အဘိုး ရွှေမန်းတင်မောင်ရဲ့ ဇာတ် ထုပ်ဇာတ်လမ်းတွေပါမယ်။ နတ် သမိုင်း၊ ဇာတ်သမိုင်းလေးတွေ ကပြဖို့ လည်း စီစဉ်နေပါတယ်။ ဟိုးအရင် တုန်းက အငြိမ့်မင်းသမီးတွေရဲ့ အငြိမ့်ခန်းလေးတွေကိုလည်း စီစဉ် ထားပါတယ်။ အရင်ခေတ်က မင်း သမီးကြီးတွေကို အစ်မတို့ရဲ့ ဇာတ်ခုံ ပေါ်မှာ ပရိသတ်တွေ ပြန်လည်မြင် တွေ့ကြရဦးမှာပါ”လို့ တင်ဆက်မှု တွေနဲ့ပတ်သက်လို့ တင်မောင်ဆန်း မင်းဝင်းရဲ့ ဇနီးဖြစ်သူ မအေးမမ လှိုင်က ပြောပါတယ်။
တင်မောင်ဆန်းမင်းဝင်းတို့အဖွဲ့ ရဲ့ မိုးရာသီဖျော်ဖြေပွဲက ဒီနှစ်နဲ့ဆိုရင် ၄ နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့အနေနဲ့ အနုပညာအရ တင်ဆက်ချင်တဲ့စိတ် ကြောင့်သာ မိုးရာသီဖျော်ဖြေပွဲပြုလုပ် နေခြင်းဖြစ်ပြီး ငွေကြေးအရ အမြတ် အစွန်းမရှိပါဘူး။ တစ်နှစ်ထက် တစ် နှစ်လည်းပွဲပြုလုပ်ရတဲ့ အရင်းအနှီး ကုန်ကျငွေက ပိုမိုမြင့်မားလာပြီး ဒီနှစ်ဆိုရင်လည်း ယခင် ၃ နှစ်ထက် ပိုမိုကုန်ကျမှာ ဖြစ်ပါတယ်။
”မိုးရာသီပွဲဆိုတာက ကိုယ့် ရဲ့တင်ဆက်မှု၊ ကိုယ့်ရဲ့ ကြိုးစားမှုကိုပဲ ချပြချင်တဲ့အတွက်ကြောင့် ငွေရေး ကြေးရေးကိုတော့ အစ်မအနေနဲ့ မကြည့်တော့ပါဘူး။ ဒီနှစ်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ငွေရေး ကြေးရေးအတိုင်းအတာက မနှစ်က ထက်တောင် ပိုခက်ခဲပါသေးတယ်။ မြေနေရာကြေး၊ ဇာတ်ရုံကြေးကအစ ပိုပြီးတော့ မြင့်လာတယ်။ ဒါပေမဲ့ ပရိသတ်ကို ကြည့်ရှုစေချင်တဲ့ စိတ် ဆန္ဒရယ်။ ပြီးတော့ ကလေးကလည်း အသက်ကြီးလာရင် မကတော့ဘူးဆို တော့ ငယ်တဲ့အချိန်လေးမှာ ကစေ ချင်တာရယ်ကြောင့်ပါ။ အစ်မတို့ အနေနဲ့ ကုန်ကျစရိတ်တွေ ကာမိ အောင်ဆိုပြီး လက်မှတ်ဈေးနှုန်း တွေလည်း တင်မထားပါဘူး။ ဒီနှစ် လည်း အရင်နှစ်က ဈေးအတိုင်း ပါပဲ”လို့ မအေးမမလှိုင်က ပြောပါ တယ်။
မိုးရာသီဖျော်ဖြေပွဲကို ၅ နှစ်ပဲ ကပြတင်ဆက်ဖို့ စီစဉ်ထားပြီး တစ် နှစ်ထက် တစ်နှစ်တင်ဆက်မှုတွေက တော့ မတူညီပါဘူး။ ဒီနှစ် မိုးရာသီ အထူးဖျော်ဖြေပွဲကိုတော့ ရုပ်သံတစ် ခုကနေ ပြန်လည်ထုတ်လွှင့်မှာဖြစ် တယ်လို့လည်း သိရပါတယ်။
လင်းအက္ခရာ