ဆာတိုရီ ထုတ်လုပ်ရေးမှ မေလ၈ရက်နေ့က မူးယစ် ဆေးဝါးမှုဖြင့် အကျဉ်း ထောင်ကျနေတဲ့ သရုပ်ဆောင် ရဲတိုက်ကို တောင်ငူထောင်မှာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံခဲ့တဲ့ အချိန်မှာတော့ သရုပ် ဆောင် ရဲတိုက်က သူ့ရဲ့ ခံစားချက် စာတိုလေးတစ်ခု ရေးသားခဲ့ပြီး သူလည်း အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ စိတ်အားထက်သန်နေကြောင်း ဆာတိုရီ ထုတ်လုပ်ရေးမှ ကိုမျိုးဇော်က ပြောပါတယ်။
“ကျွန်တော်တို့နဲ့ ပုံမှန်တွေ့နေ တာပါ။ ကျန်းမာ ရေးကောင်းပါတယ်။ သူလွတ်ဖို့က ကျွန်တော်တို့ အထင် ခန့်မှန်းတာ က နောက်ထပ် ၆ လ လောက် ကျန်ဦးမယ် ထင်တယ်။ စိတ်ရော၊ လူရော ကျန်းမာရေး ကောင်းပါတယ်။ သူလည်း အနုပညာ အလုပ်တွေ ပြန်လုပ်ဖို့ စိတ်အား ထက်သန်နေပါတယ်။ ဒီစာတို လေးက သူ့စိတ်ကူးလေး ရတာနဲ့ သူရေးပြီး သားလေးပေး လိုက်တာပါ။ နောက် တစ်ခုသူ ပြောတာက ပြီးခဲ့တဲ့ ၂ရက် လောက်က သူ ၂ရက်လောက် အိပ်မပျော်ဘူး။ သူ့နားမှာ ပန်းအိုးလေး ၁ဝ ပင်လောက် ထားထားတယ်။ သူအိပ် မပျော်လို့ စံပယ်ပန်းကို ထိုင်ကြည့်တာ စံပယ်ပန်းလေး ပွင့် သွားတာကို အစအဆုံး သူ မြင်လိုက်ရတယ်။ ဒီအပင်လေးတွေ ကိုသူ အဖော်လုပ်ပြီး နေနေတာ။ အဲဒါလေးတွေ ပြောပြခဲ့ သေးတယ်”လို့ ပြောပါတယ်။
သရုပ်ဆောင် ရဲတိုက် လွတ်လာရင်လည်း ဇာတ် ကားတွေ ရိုက်ကူးဖို့ အတွက် ဇာတ်လမ်းတွေ လုပ်ထားတာ အများကြီး ရှိပြီး သူချောချောမောမော၊ ကျန်းကျန်းမာမာနဲ့ လွတ်လာပါစေလို့ ဆုတောင်းနေကြောင်း ဆာတိုရီ ထုတ်လုပ် ရေးမှ ကိုမျိုးဇော်က ပြောပြခဲ့ပါတယ်။
“ကျွန်တော်တို့ သူလွတ်လာပြီ ဆိုတာနဲ့ အမြန်ဆုံး ချက်ချင်း ဇာတ်ကားတွေ ပြန်ရိုက်ကူးဖြစ်မှာပါ။ မလွတ် သရွေ့က တကယ် မလွတ်ဘူး။ သူကျန်းမာရေး ချောချော မောမောနဲ့ အန္တရာယ် ကင်းကင်းနဲ့ လွတ်လာဖို့ဆိုတာကို ကျွန် တော်တို့လည်း စိတ်ပူတယ်။ အဲဒီလို လွတ်လာပါစေလို့ ကျွန် တော်တို့ ဆုတောင်းပေးပါတယ်။ တကယ် လွတ်လာပြီဆိုရင် ဇာတ် ကားရိုက်ကူး နိုင်အောင်လို့ ကြိုတင် ပြင်ဆင်တာတွေလည်း လုပ်နေ ပါတယ်။ ဇာတ်ကားတွေ ပြန်ရိုက်ကူးသွားမှာပါ။ သူနဲ့ရိုက်ဖို့ ဇာတ် လမ်းတွေ လုပ်ထားတာ အများကြီးပါ။ တကယ် ချောချောမောမော၊ ကျန်းကျန်းမာမာနဲ့ လွတ်ပြီဆိုရင်တော့ ပရိသတ် မျှော်လင့်သလို ကျွန်တော်တို့လည်း သူ့ရဲ့ဇာတ်ကားတွေကို တင်ဆက်သွားမှာပါ”လို့ ပြောပါတယ်။
တွယ်တာ