Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsပရိသတ်နဲ့ အဆက်ပြတ်နေတဲ့ ကာလမှာ...

ပရိသတ်နဲ့ အဆက်ပြတ်နေတဲ့ ကာလမှာ ဆိုတေး ဘာတွေ လုပ်ဖြစ်နေလဲ

ဆိုတေးက လက်ရှိမှာတော့ တတိယအခွေထွက်ရှိဖို့အတွက် ပြင်ဆင်နေပါပြီ။ ဒီတတိယအခွေမှာလည်း ပထမ အခွေဖြစ်တဲ့ မီးအိမ်ရှင်အခွေထဲက သီချင်းမျိုးလေးတွေ ပါဝင်မှာဖြစ်ပြီး အချစ်သီချင်းချိုချိုလေးတွေကို ပရိသတ်တွေ နားဆင်ရမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မီးအိမ်ရှင် အခွေထဲမှာ ပါဝင်ခဲ့တဲ့ ဖက်တီးမလို သီချင်းမျိုးလည်း ပါဝင်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခွေက သီချင်းအားလုံး ၁၃ပုဒ် လောက်ရှိပြီး သူကိုယ်တိုင်ရေးသားတဲ့ သီချင်းကတော့ ၈ ပုဒ်နီးပါးလောက် ပါဝင်မှာဖြစ်ပါတယ်။

“၂ဝ၁၈ ထဲတော့ ထွက်နိုင်အောင် ကြိုးစားနေတယ်။ ကျွန်တော့်အခွေထဲမှာ ဖီးချားရင်းတွေလည်း ပါကြမယ်။ အချစ်သီချင်းလေးတွေ တော်တော်များများပါတယ်။  ပြီးတော့ ဖက်တီးမတို့၊ သခေါလေးတို့လိုမျိုး သီချင်းလေးတွေလည်း ပါမယ်။ သီချင်းအမြူးလေးတွေလည်း ထည့်ထားတယ်။ ကျွန်တော့်ကိုလည်း ပရိသတ်တွေက သီချင်းအေးအေးလေးတွေနဲ့ အားပေးခဲ့ကြတယ်။ အဲဒီ့အတွက်လည်း ဂီတလောကမှာ ကျွန်တော့်အနေနဲ့ ဆိုတေးဆိုပြီး ရပ်တည်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေအနေနဲ့ ဆက်လက်အားပေးပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ တတိယအခွေနဲ့ ပတ်သက်လို့ ဆိုတေးက ပြောပြပါတယ်။ ဆိုတေးက ကြားကာလမှာ ကျန်းမာရေးကြောင့် ပရိသတ် တွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ရပါသေးတယ်။ သူ့အနေနဲ့ ကျန်းမာရေးပြန်ကောင်းလို့ စင်မြင့်ပေါ်ပြန်တက်တဲ့အခါ ပရိသတ်တွေက သူဆိုနေတာကို မယုံကြဘူးလို့ ပြောပြပါတယ်။”တစ်ခါတလေ ကျွန်တော် ဆိုနေရင် အတုလား၊ အစစ်လားဆိုတာ မျိုးကိုမေးကြတယ်။ စင်ပေါ်မှာ ဆိုနေတာ ဆိုတေး မဟုတ်ဘူးလို့ ပြောကြတယ်။ ဟုတ်ပါတယ် ကျွန်တော် ဆိုတေးပါလို့ပြန်ပြောရတယ်။

ဒါပေမဲ့ ကျွန်တော့်အသံကို သိနေတဲ့ ပရိသတ်တွေကတော့ ကျွန်တော်ဆိုနေပြီဆိုရင် ဆိုတေးမှန်းတန်းသိကြပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် ပြတ်နေတဲ့အချိန်မှာ ကျွန်တော်သီချင်းတွေ ရေးဖြစ်တယ်။ တတိယအခွေ ဘယ်တော့ထွက်မှာလဲဆိုတာမျိုးကိုလည်း ပရိသတ်တွေက မေးနေကြတယ်လေ။ ကျွန်တော်လည်း ပြန်ပြောရတယ်။ သီချင်းအခွေထွက်ဖို့ ရှိပါတယ်။ ထွက်တဲ့အခါ အားပေးကြပါလို့ ပြန်ပြောဖြစ်တယ်” လို့ ဆိုတေးက ပြောပြပါတယ်။ သူက ရန်ကုန်ဖျော်ဖြေပွဲတွေ နည်းနေပေမယ့် နယ်ဖျော်ဖြေပွဲတွေတော့ တောက်လျှောက် ထွက်ဖြစ်နေပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071