Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeCelebrities' Newsပရိသတ်ကို စိုင်းစိုင်းခမ်းလှိုင် ကြည့်စေချင်တဲ့...

ပရိသတ်ကို စိုင်းစိုင်းခမ်းလှိုင် ကြည့်စေချင်တဲ့ ဇာတ်ကားက ဘယ်ကားဖြစ်မလဲ

နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးမှာ ပြောင်းလဲမှုတွေက မြန်ဆန်လှပါတယ်။ အခုဆို အင်တာနက်ကနေ တစ်ဆင့် ရုပ်ရှင်များကို တိုက်ရိုက်ကြည့်ရှုနိုင်ဖို့ ဝန်ဆောင်ပေးလျက်ရှိတဲ့ iflix က အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်း ခမ်းလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကား ၄ကားနဲ့ ဗီဒီယို ဇာတ်ကား ၃ဝကို ‘စိုင်းစိုင်းခမ်းလှိုင်၏ သီးသန့်ကဏ္ဍ’ကနေ အလွယ် တကူကြည့်ရှုနိုင်ဖို့ စတင်လိုက်ပြီဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ဘယ်ဇာတ်ကားတွေကို ပရိသတ်ကကြည့်ချင်လဲ၊ စိုင်းစိုင်းကရော ဘယ်ဇာတ်ကားတွေကို ပရိသတ်ကို ကြည့်စေချင်သလဲလို့မေးတော့ …

“ကျွန်တော်ကတော့ ကျွန်တော် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို  တချို့ဟာတွေဆိုရင်လည်းကြိုက်တယ်။ အားရ တယ်။ တချို့ဟာတွေ ဆိုလို့ရှိရင်လည်း အားမရတဲ့ကားတွေရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော့်အနေနဲ့ကတော့ ငယ်ငယ် တုန်းက ရိုက်ထားတဲ့ ဇာတ်ကားတွေဆိုလို့ရှိရင် ကျွန်တော့်အိုက်တင်က မရင့်ကျက်သေးတာ၊ ကင်မရာ မကောင်းတာ၊     ကွာလတီနည်းနည်းပါးပါး လိုအပ်နေတာမျိုးတွေလည်းရှိမယ်။ ဒါပေမဲ့လည်း ကျွန်တော်ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အလုပ်တွေ ဖြစ်တဲ့အတွက် အမှတ်တရရှိနေတယ်။ ပြီးတော့ အခုနောက်ပိုင်းရိုက်တဲ့ကားတွေလည်းရှိတယ်။ အဲဒီအထဲကမှ ပရိသတ် တွေကြည့်စေချင်တဲ့ကား ကျွန်တော်ရွေးပါမယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင် အမြဲတမ်း အမှတ်ရနေမယ့် ၁၂ ကြိုးကဝေတို့ လိုမျိုး၊ အိပ်မက်စေညွှန်ရာတို့လိုမျိုး ဒီလိုဇာတ်ကားမျိုးလေးတွေကိုလည်း ကျွန်တော်ကတော့ ရွေးဖြစ်မယ်ထင်ပါတယ်။ အဓိကကတော့ ကျွန်တော့်ပရိသတ်တွေဆီက ကျွန်တော် ဆန္ဒတောင်းခံထားတယ်။ ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်ကား ပေါင်း ဗီဒီယိုက ၅ဝ၊ ၆ဝလောက်ရှိပါတယ်။ အဲဒီအထဲကမှ ၃ဝကို ရွေးပြီးတော့ iflix မှာတင်မှာဖြစ်ပါတယ်”  လို့ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071