Monday, April 13, 2026

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို...

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို...

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ...

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ...

မန္တလေးလမ်းလျှောက်သင်္ကြန်အတွက် အပြီးသတ်ပြင်ဆင်ထား

မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈လမ်းကြားတွင် ရေကစားမဏ္ဍပ်ကြီး/ငယ်များ၊ စတုဒီသာမဏ္ဍပ်များ၊ တိုင်းရင်းသားရေးကစားမဏ္ဍပ်များအပါဝင် မဏ္ဍပ်များတွင် လောင်းလှေများ၊ ရေပိုက်များဖြင့် ရေကစားနိုင်ရန်အပြီးသတ်ပြင်ဆင်ထားသည့်...
HomeNewsLocal Newsပထမပိုင်းပွဲချိန်မှာပင် ဒါဇင်ဝက်ကျော်သွင်းဂိုးနှင့် အုပ်စုအဖွင့်လှနေသည့်...

ပထမပိုင်းပွဲချိန်မှာပင် ဒါဇင်ဝက်ကျော်သွင်းဂိုးနှင့် အုပ်စုအဖွင့်လှနေသည့် ISPE အမျိုးသမီးအသင်း

ယနေ့ ဩဂုတ် (၂၅)ရက် ညနေ(၄)နာရီအချိန်တွင် အမျိုးသမီးအာရှချန်ပီယံလိဂ်ဝင်ရောက်ခွင့် ခြေစစ်ပွဲစဉ်တွင် ပြည်တွင်းကလပ် ISPE အသင်းနှင့် ဂူအမ်ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန် မိနစ်(၃၀)အတွင်းမှာပင် ISPE အသင်းက (၆)ဂိုးသွင်းယူ၍ အုပ်စုအဖွင့်လှခဲ့ပြီဖြစ်သည်။

ထို့နောက် ပထမပိုင်း ပွဲပြီးဆုံးခါနီး (၄၃) မိနစ်တွင် နောက်ထပ်သွင်းဂိုး (၁)ဂိုး သွင်းယူခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် စုစုပေါင်းသွင်းဂိုး(၇)ဂိုးရရှိထားပြီဖြစ် သည်။

ယနေ့တွင် ISPE အမျိုးသမီးဘောလုံးအသင်းအား ကွင်းအတွင်းလာရောက်အားပေးကြည့်ရှု့သည့် မြန်မာပရိတ်မှာ ပွဲကြည့်စင်အပြည့်ရှိနေသည်ကိုတွေ့ရသည်။

ပွဲအတွင်း ကာလတိုစာချုပ်ဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူး မေထက်လူ၊ စန်းသော်သော်၊ ဖြူဖြူဝင်း၊ ဖြူဖွေးနှင့် ယွန်းဝတီလှိုင်တို့ပါဝင်လာသလို ခင်မာလာထွန်း၊ ဇူးလတ်နဒီ၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်၊ ရွှေရည်ထွန်းတို့လည်း ပါ ဝင်လာသည်ကိုတွေ့မြင်ရသည်။

အာရှအမျိုးသမီးချန်ပီယံလိဂ်ဝင်‌ရောက်
ခွင့် ခြေစစ်ပွဲအား ဩဂုတ်(၂၈) ရက်တွင် မွန်ဂိုရီးယားကလပ်အသင်း၊ ဩဂုတ် (၃၁) ရက်တွင် ဖိလစ်ပိုင်ကလပ်အသင်းတို့ဖြင့် ရန်ကုန်မြို့ သုဝဏ္ဏအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ အသင်းနည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို မကြိုက်ဟု ထရမ့်ဝေဖန်

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်စစ်ပွဲအပေါ် ၎င်း၏ ရပ်တည်ချက်ကို ရှုတ်ချကာ ပုပ်ရဟန်းမင်းကြီးသည် “နိုင်ငံခြားရေးမူဝါဒအတွက် အလွန်ဆိုးရွားသူ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “နျူကလီးယားလက်နက်ရှိတာ ကိစ္စမရှိဘူးလို့ ပြောမယ့် ပုပ်ရဟန်းမင်းကြီးမျိုးကို ကျွန်တော်တို့ မကြိုက်ဘူး။ … သူက ကမ္ဘာကြီးကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ နျူကလီးယားလက်နက် လိုချင်နေတဲ့ နိုင်ငံမျိုးနဲ့ ကျွန်တော်တို့က မကစားသင့်ဘူးလို့ ထင်နေတဲ့လူပဲ” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့ပြီး “ကျွန်တော်...

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

၁၃၈၇ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကိုမြန်မာ့ရိုးရာယဉ်ကျေးမှုအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ယနေ့ ဧပြီလ (၁၃)ရက်နေ့တွင် ဖွင့်လှစ်ပွဲအခမ်းအနားအား ခမ်းနားစွာပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူမှ အဖွင့်အမှာစကားပြောကြားပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရန်ကုန်မြို့တော်ဝန် ၊အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင်အနုပညာရှင်များ ၊ ယိမ်းအကအလှပျိုဖြူများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဥ်းကျခံနေရသည့် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများကို စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာ‌ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းနှင့် ချင်းမိုင်မြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်များနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(ချင်းမိုင်ရုံး)မှ ညွှန်ကြားရေးမှူးတို့မှ ဧပြီ ၈ ရက်ကလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိမှု၊ အကျဉ်းသူများ၏ တစ်နေ့တာဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များနှင့် အကျဉ်းသူများအား လေ့ကျင့်သင်ကြားပေးနေသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင် တန်းများနှင့် စိတ်ကျန်းမာပျော်ရွှင်စေမည့်လေ့ကျင့်ခန်းများဆောင်ရွက်နေမှုတို့ကိုကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံသားအကျဉ်းသူများအပါအဝင် အမျိုးသမီးအကျဉ်းသားများအတွက်လိုအပ်သည့် တစ်ကိုယ်ရည်အသုံးဆောင်ပစ္စည်းများ၊ မြန်မာအစား အစာများအပါအဝင် အသင့်စားအစားအစာများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071