Friday, September 18, 2026

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...
HomeCelebrities' Newsပညာရေးနဲ့ အနုပညာကို မျှတအောင်...

ပညာရေးနဲ့ အနုပညာကို မျှတအောင် လုပ်နေတဲ့ အဆိုတော်ပိုပိုဟေသာ

‘ချစ်တဲ့စိတ်ဆိုတာ’ သီချင်း နဲ့လူငယ်ပရိသတ်ကြားရေပန်းစားလာတဲ့ အဆိုတော်ပိုပိုဟေသာကတော့ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသူပါ။ သူမရဲ့ဒုတိယမြောက်တေးစီးရီးဖြစ်တဲ့ =ရှစ်ခွင်တိုင်း+ တေးစီးရီး မကြာ သေးမီက ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒုတိယမြောက်တေးစီးနဲ့ ပတ်သက်ပြီး ပရိသတ်များဘက်မှ တုံ့ပြန်မှုတွေ အများ ကြီးမရှိသေးပေမယ့် သီချင်းတွေကိုတော့ ပရိသတ်ကြိုက်ဖို့ မျှော်လင့်မိကြောင်းကိုလည်း …

“ဟေသာရဲ့ ရှင်ခွင်တိုင်း တေးစီးရီးကတော့ မေလ ၁၇ ရက်နေ့က ထွက်ရှိခဲ့ပါပြီ။ ခုဆိုတစ်ပတ်လောက် ရှိပြီပေါ့။ သီချင်းလေးတွေကတော့ ဟေသာ ခါတိုင်းသီဆိုနေကျ ရိုးရိုးလေးတွေရော၊ မြူးမြူးလေးတွေ ရောထည့်ထားပါတယ်။ အရင်စီးရီးခွေနဲ့တော့ ဆိုပုံဆို ပေါက်တွေ ကွဲသွားမယ်။ ပထမစီးရီးခွေတုန်းကတော့ ဟေသာမှာ ကလေးသံနည်းနည်းပါတာ ပေါ့နော်။ စီးရီးခွေကတော့ အသံလေးနည်းနည်း ရင့်ကျက်သွားမယ်လို့ထင်ပါတယ်။ ဟေသာအများကြီး လည်း ကြိုးစားထားပါတယ်။ စီးရီးခွေထွက်ထားတာက ရက်ပိုင်းပဲရှိ သေးတာဆိုတော့ ပရိသတ်တုံ့ပြန်မှုကတော့ထူးထူးခြားခြားမရှိသေးပါဘူး။ ဒါပေမဲ့ ပါဝင်တဲ့သီချင်းတွေကို ပရိသတ်နှစ်သက်ဖို့တော့ ဟေသာ မျှော်လင့်ပါတယ်”လို့ ပိုပိုဟေသာက ပြောပါတယ်။ ကျောင်းတက်ရင်းနဲ့ အနုပညာအလုပ်တွေလုပ်သွားမယ်ဆိုတဲ့ အဆိုတော် ပိုပိုဟေသာက . . .

“ဟေသာက ဇွန်လဆိုရင် ကျောင်းပြန်တက်ရတော့မယ်။ ကျောင်းတက်ရင်းနဲ့ပဲMTV တွေလည်း ရိုက်ကူး သွားဖို့ရှိပါတယ်။MTVကတော့ ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်တော့များပါတယ်။ အများကြီးလည်း စဉ်းစားထားပါတယ်။ VCD ခွေလို့မျိုးလုပ်ဖို့ကတော့ သိပ်မဖြစ်နိုင်ပါဘူး။ Online ပေါ်မှာပဲ တစ်ပုဒ်ချင်းတင်ဖြစ်ဖို့များပါတယ်။ ခုကတည်းက ဘယ်သီချင်းတွေ ရိုက်ကူးမယ်ဆိုတာ စဉ်းစားထားပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေကို အရင်ရိုက်ကူးဖြစ်မယ်လို့ လည်းထင်ပါတယ်။ ကျောင်းကတော့ ဟေသာမကြာခင်လည်း ဘွဲ့ရတော့မှာပါ။ ခုတလောကတော့ ပညာရေး ကိုဦးစားပေးဖြစ်နေတယ်။ ကျောင်းတက်ရင်းနဲ့လည်း MTV တွေ ရိုက်ကူးမယ်။ အနုပညာရော ပညာရေးရောမျှတအောင်လုပ် ဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင် 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071