Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeNewsLocal Newsနေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှုန်းများ...

နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှုန်းများ လျော့ကျလာ၍ positive စင်တာ နှင့် ကွာရန်တင်းစင်တာများအားလုံးနီးပါးပိတ်သိမ်း

နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှုန်းများ လျော့ကျလာ၍ positive စင်တာ နှင့် ကွာရန်တင်းစင်တာများအားလုံးနီးပါးပိတ်သိမ်း

နေပြည်တော် အောက်တိုဘာ ၁၁

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုနှုန်းများ လျော့ကျလာနေပြီဖြစ်၍ နေပြည်တော်ရှိ Positive စင်တာနှင့် ကွာရန်တင်းစင်တာများအားလုံးနီးပါးပိတ်သိမ်းထားပြီးဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ရက်သတ္တပတ်တစ်ပတ်ချင်းစီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အများဆုံး ဦးရေ ၄၀၀ ကျော်ထိရှိခဲ့ပြီး ဇူလိုင်လအတွင်းတွင်လည်း တတိယပတ်တွင် ပိုးတွေ့လူနာဦးရေ ၁၈၀၀ ခန့်ထိတွေ့ရှိခဲ့ရကြောင်း၊ ဩဂုတ်လ ပထမပတ်တွင်လည်း ၁၁၈၇ ဦးထိပိုးတွေ့လူနာရှိခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ပိုးတွေ့လူနာဦးရေမှာ ၂၆၁ ဦးသာ တွေ့ရှိခဲ့ရကြောင်း၊ လက်ရှိတွင် နေပြည်တော်အတွင်းရှိ လူဦးရေတစ်သိန်းတွင် ပိုးတွေ့မှုနှုန်းမှာ ၂၈ ဦးခန့်သာ ပိုးတွေ့နှုန်းရှိခြင်းကြောင့် ပိုးတွေမှုနှုန်း များစွာကျဆင်းမှုရှိကြောင်း၊ ထိုသို့ ပိုးတွေ့မှုန်နှုန်းများစွာကျဆင်းလာ၍ နေပြည်တော်ရှိ ပိုးတွေ့လူနာထားရှိသည့် စင်တာနှင့် ကွာရန်တင်းစင်တာများကို ပိတ်သိမ်းထားပြီး စည်ပင်(၁)နှင့် ရွာတော်ကွာရန်တင်းစင်တာတို့သာ ကျန်တော့ကြောင်း သိရသည်။

” အခုက နေပြည်တော်မှာက ပိုးတွေ့နှုန်းက နေပြည်တော်က လူဦးရေအနေနဲ့ဆို ၀ ဒသမ ၀၂ ရာခိုင်နှုန်း လောက်ပဲရှိပါတော့တယ်။ တော်တော်လေးကျသွားပြီလို့ပြောလို့ရပါတယ်။ ဒါကြောင့် အခုလူနာအခြေအနေအရ အရင်ကတိုးချဲ့ဖွင့်လှစ်ခဲ့တဲ့ positiveစင်တာတွေ၊ ကွာရန်တင်းစင်တာတွေကို ပြန်ရုတ်သိမ်းလိုက်ပြီ။ အခုဆိုရင် စည်ပင် (၁) positive လူနာစင်တာမှာ လူနာ ၃၀ ကျော်ပဲရှိပါတော့တယ်။ စည်ပင်(၁) ကိုလဲ မကြာခင်ပိတ်သိမ်းဖို့ လုပ်နေပါတယ်။ positive လူနာတွေကို ဆေးရုံတွေမှာပဲ ထားဖို့လုပ်နေပါတယ်” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က နေပြည်တော်တွင် ပိုးတွေ့လူနာများပြားခြင်းကြောင့် positive စင်တာများနှင့် ကွာရန်တင်းစင်တာများကို တိုးချဲ့ဖွင့်လှစ်ခဲ့ရာ positive လူနာများကို ဆေးရုံများနှင့် မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန် positive စင်တာ၊ လယ်ဝေးရှိ positive စင်တာ၊ စည်ပင် ဧည့်ရိပ်သာ (၁)နှင့် (၂) တို့တွင်ထားခဲ့ရပြီး ကွာရန်တင်းလူနာများကို ဟိုတယ်၊ ရွာတော်ကွာရန်တင်းစင်တာ၊ စည်ပင်ဧည့်ရိပ်သာတို့တွင် ထားခဲ့ရပြီး လက်ရှိတွင် ပိုးတွေ့လူနာတွေ့ရှိမှုကျဆင်းပြီဖြစ်၍ တိုးချဲ့စင်တာများအားလုံးပိတ်သိမ်းပြီးဖြစ်ကာ ကျန်ရှိသည့် စည်ပင် ဧည့်ရိပ်သာ (၁) positive စင်တာကိုလည်း မကြာခင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စည်ပင် ဧည်ရိပ်သာ(၂) နှင့် ရွာတော်ကွာရန်တင်းစင်တာတို့တွင်သာ စောင့်ကြည့်လူနာများထားရှိထားကြောင်း သိရသည်။

ယခုဖော်ပြထားသောပုံများမှာ ယခင်ပုံများဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071