Thursday, July 2, 2026

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko)...

AI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး...

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များကို ဇူလိုင် ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း...

တရုတ်ဝါရင့်အမတ် ဟီဝေ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ...

တရုတ်နိုင်ငံ၏ ဝါရင့်အမတ် ဟီဝေသည် အီရန်နိုင်ငံ၊ တေရန်မြို့တွင် ကျင်းပမည့် ကွယ်လွန်သူ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက...

လေထုညစ်ညမ်းမှုကို လျှော့ချရန် နယူးဒေလီမြို့တွင် ကားအဟောင်းများအား...

အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီသည် လေထုညစ်ညမ်းမှု မြင့်မားနေခြင်းကို လျှော့ချရန် ရည်ရွယ်၍ တနင်္လာနေ့က အတည်ပြုခဲ့သော မူဝါဒအသစ်အရ ၎င်းတို့၏ ကားအဟောင်းများကို လျှပ်စစ်ကား...
HomeNewsLocal Newsနိုင်ငံအနှံ့တွင် မိုးရွာသွန်းနေသော်လည်း မြင်းမူမြို့၌...

နိုင်ငံအနှံ့တွင် မိုးရွာသွန်းနေသော်လည်း မြင်းမူမြို့၌ အပူဒ-ဏ်ကာကွယ်ရေးအသိပညာပေးရလျက်ရှိပြီး အပူရှောင်စခန်းလည်းဖွင့်လှစ်ထားရဆဲဖြစ်

မြန်မာနိုင်ငံတစ်ဝှမ်းတွင် မိုးရွာသွန်းနေသော်လည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၌အပူဒ-ဏ်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ရလျက်ရှိပြီး အပူရှောင်စခန်းကိုလည်းဆက်လက်ဖွင့်လှစ်ထားရဆဲဖြစ်ကြောင်း သိရသည်။

အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလိုက်နာဆောင်ရွက်မည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ အပူဒ-ဏ်အန္တရာယ်အထူးသတိပြုရမည့်အချက်များကို ဇွန် ၃၀ ရက်နံနက်ပိုင်းတွင် မြင်းမူမြို့အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြင်းမူမြို့ဒေသခံများ အပူဒ-ဏ်အန္တရာယ်မှကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းကို ဧပြီ ၁ ရက််မှ ယနေ့အထိ မြင်းမူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံရုံးဝန်းအတွင်းရှိ က္ကုဒ္ဓိဇေယျာသံဃာ့ဆေးရုံဆောင်တွင် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိဖွင့်လှစ်ပေးထားကြောင်း သိရသည်။

အဆိုပါ အပူရှောင်စခန်း၌ သက်ကြီးဘိုး/ဘွားများ၊ အပူဒ-ဏ်မခံနိုင်သူများ၊ Heat Stroke လူနာများလာရောက်အပူရှောင်နားခိုကာ ၎င်းတို့အတွက် ဓာတ်ဆားထုပ်၊ အချိုရည်၊ ရေသန့်များ၊ ကျန်းမာရေးပြုစုစောင့် ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ဖြင့် ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko) သည် ယနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံ...

AI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး သဘောတူညီချက်များကို အိန္ဒိယနှင့် ဂျပန် လက်မှတ်ရေးထိုး

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များကို ဇူလိုင် ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ပြောကြားသည်။ ဂျပန်ဝန်ကြီးချုပ် ဆနာအဲ တာကာအိချီနှင့် နယူးဒေလီမြို့၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အိန္ဒိယ-ဂျပန် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မိုဒီက နှစ်နိုင်ငံအနေဖြင့် စီးပွားရေးလုံခြုံရေးဆိုင်ရာ ပူးတွဲအစီအစဉ်တစ်ရပ်ကိုလည်း ရေးဆွဲထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ "ဂျပန်၏ တိကျမြင့်မားသော နည်းပညာနှင့် အိန္ဒိယ၏ ဆော့ဖ်ဝဲဖွံ့ဖြိုးရေးစွမ်းရည်တို့ ပေါင်းစပ်လိုက်ခြင်းသည်...

တရုတ်ဝါရင့်အမတ် ဟီဝေ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနား တက်ရောက်မည်

တရုတ်နိုင်ငံ၏ ဝါရင့်အမတ် ဟီဝေသည် အီရန်နိုင်ငံ၊ တေရန်မြို့တွင် ကျင်းပမည့် ကွယ်လွန်သူ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက ဟီဝေသည် ဇူလိုင် ၃ ရက်တွင် ကျင်းပမည့် ဈာပနအခမ်းအနားသို့ တရုတ်အစိုးရကိုယ်စား တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟီဝေသည် တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress) အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီသည် အစ္စရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071