Thursday, July 2, 2026

ဖလမ်းယာယီဆေးရုံတွင် လူနာ (၁,၀၈၈) ဦးကို...

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန်လ ၃၀ ရက်က...

တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို...

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင်...

နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် ယနေ့ ဇူလိုင်...

ကြယ်ငါးနှင့် သံပခြုပ်များ အဆမတန်ပွားများလာမှုကြောင့် ဩစတြေးလျ...

Marine & Freshwater Research ဂျာနယ်တွင် ဇူလိုင် ၂ ရက်က ဖော်ပြသည့် သုတေသနအရ အဆိုပါဒေသမျိုးရင်း သတ္တဝါနှစ်မျိုးကြောင့် ဩစတြေးလျ၏...
HomeMoviesAI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ...

AI၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး သဘောတူညီချက်များကို အိန္ဒိယနှင့် ဂျပန် လက်မှတ်ရေးထိုး

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သည် ဉာဏ်ရည်တု (AI)၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် သဘောတူညီချက်များကို ဇူလိုင် ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ဆနာအဲ တာကာအိချီနှင့် နယူးဒေလီမြို့၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အိန္ဒိယ-ဂျပန် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မိုဒီက နှစ်နိုင်ငံအနေဖြင့် စီးပွားရေးလုံခြုံရေးဆိုင်ရာ ပူးတွဲအစီအစဉ်တစ်ရပ်ကိုလည်း ရေးဆွဲထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ဂျပန်၏ တိကျမြင့်မားသော နည်းပညာနှင့် အိန္ဒိယ၏ ဆော့ဖ်ဝဲဖွံ့ဖြိုးရေးစွမ်းရည်တို့ ပေါင်းစပ်လိုက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ AI ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်သစ်နှင့် အင်အားသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်သည်” ဟု မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရ၏ အချက်အလက်များအရ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ဂျပန်၏ အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

Quad အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ဂျပန်တို့သည် ကာကွယ်ရေးကဏ္ဍ၌ ပထမဆုံး ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ရပ်အတွက်လည်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မိုဒီက ပြောကြားသည်။

ထို့ပြင် “အိန္ဒိယ-ဂျပန် ဇီဝဓာတ်ငွေ့အစီအစဉ်” အရ အိန္ဒိယနိုင်ငံတစ်ဝန်း ဇီဝဓာတ်ငွေ့နှင့် အော်ဂဲနစ်ဓာတ်မြေဩဇာ ထုတ်လုပ်ရေးစက်ရုံ ၁,၀၀၀ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် အိန္ဒိယ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများအနက် တစ်နိုင်ငံဖြစ်ပြီး မွန်ဘိုင်း-အာမက်ဒါဘတ် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းအပါအဝင် အဓိက အခြေခံအဆောက်အအုံစီမံကိန်းများကို ထောက်ပံ့လျက်ရှိသည်။ ထို့အပြင် ဂျပန်ကုမ္ပဏီများသည် Yes Bank တွင် ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခြင်းအပါအဝင် အိန္ဒိယကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် တာကာအိချီနှင့်အတူ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ အများအပြား လိုက်ပါလာခဲ့ပြီး နယူးဒေလီ၌ ကျင်းပမည့် စီးပွားရေးညီလာခံတွင်လည်း မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရသည်။

Ref: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းယာယီဆေးရုံတွင် လူနာ (၁,၀၈၈) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားတီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဆေးရုံလုပ်ငန်းများကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန်လ ၃၀ ရက်က တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းအခြေအနေများနှင့် ဖလမ်းမြို့ရှိ ယာယီဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုပေးနေမှု အခြေအနေများကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဗားရ်တံတားတို့ကို စစ်ဆေးခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်တံတားများကို အမြန်ပြုပြင်ထိန်းသိမ်း၍ ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရန်၊ မိုးရာသီအတွင်း လမ်းနှင့်တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်နှင့် တောင်ပြိုမှုကြောင့်...

တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင် ၁ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အနည်းငယ်သော အပြောင်းအလဲတစ်ခုကပင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အတူတကွ စီမံခန့်ခွဲသင့်ပြီး အပြန်အလှန်လေးစားမှုနှင့် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်သွားရန် လိုအပ်ကြောင်း ဝမ်ယိက တိုက်တွန်းခဲ့သည်။ ယခုဖုန်းဆက်သွယ်ဆွေးနွေးမှုသည် တရုတ်သမ္မတ...

နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) ပျံလွန်တော်မူမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် ယနေ့ ဇူလိုင် ၂ ရက်တွင် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် စန္ဒကူးမြိုင် သာသနာ့ရိပ်သာအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်၌ တစ်ပါးတည်း သီတင်းသုံးတော်မူနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ခေါ်ဆောင်ရာမှ တုံ့ပြန်မှုမရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်တံခါးကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ စန္ဒကူးမြိုင် သာသနာ့ရိပ်သာနှင့် နီးစပ်သူတစ်ဦးက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071