Friday, July 3, 2026

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး...

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP...

သယ်ယူပို့ဆောင်ရေးလုပ်ငန်း စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ စကားဝိုင်း...

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးရန် ရည်ရွယ်သည့် "သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ" ခေါင်းစဉ်ဖြင့် Panel Discussion...

ကုလလူ့အခွင့်အရေးကောင်စီတွင် AI နည်းပညာ လက်လှမ်းမီအသုံးပြုနိုင်ရေး...

ဂျနီဗာ၊ ဇူလိုင် ၃ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ (၆၂) ကြိမ်မြောက် ညီလာခံအတွင်း ကျင်းပသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တရုတ်နိုင်ငံက...

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေး အမြန်အကောင်အထည်ဖော်ရန် ဘာသာရေးခေါင်းဆောင်များ၊...

ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေခံပညာကျောင်း ၂၇၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၇,၆၁၆ ဦး ပညာသင်ကြားလျက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...
HomeMoviesတရုတ်ဝါရင့်အမတ် ဟီဝေ အီရန်ခေါင်းဆောင်ဟောင်း...

တရုတ်ဝါရင့်အမတ် ဟီဝေ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနား တက်ရောက်မည်

တရုတ်နိုင်ငံ၏ ဝါရင့်အမတ် ဟီဝေသည် အီရန်နိုင်ငံ၊ တေရန်မြို့တွင် ကျင်းပမည့် ကွယ်လွန်သူ အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူက ဟီဝေသည် ဇူလိုင် ၃ ရက်တွင် ကျင်းပမည့် ဈာပနအခမ်းအနားသို့ တရုတ်အစိုးရကိုယ်စား တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟီဝေသည် တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress) အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။

အီရန်ခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီသည် အစ္စရေးနှင့် အမေရိကန်တို့က အီရန်နိုင်ငံအပေါ် စတင်ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ပထမဆုံးနေ့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်အရ နိုင်ငံတော်ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်တွင် တေရန်မြို့၌ စတင်ကျင်းပမည်ဖြစ်ပြီး၊ ဇူလိုင် ၉ ရက်တွင် ၎င်း၏ ဇာတိမြို့ဖြစ်သည့် နိုင်ငံအရှေ့မြောက်ပိုင်းရှိ မက်ရှ်ဟက်မြို့၌ မြှုပ်နှံသဂြိုလ်မည်ဖြစ်ကာ ဈာပနအစီအစဉ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

Ref: The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ထုတ်ပေးလျက်ရှိ

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံစွာ လျှောက်ထားလာပါက ပုံမှန်လုပ်ငန်းစဉ်အတိုင်း နေ့ချင်းပြီး စိစစ်ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားသည်။ CMP သွင်းကုန်လိုင်စင်များကို TradeNet 2.0 စနစ်မှတစ်ဆင့် လျှောက်ထားရပြီး သက်ဆိုင်ရာ CMP အသင်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းအသင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းအသင်းတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ တင်သွင်းလာသည့် လျှောက်လွှာများကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။ CMP...

သယ်ယူပို့ဆောင်ရေးလုပ်ငန်း စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ စကားဝိုင်း ဇူလိုင် ၄ ရက် ကျင်းပမည်

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးရန် ရည်ရွယ်သည့် "သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ" ခေါင်းစဉ်ဖြင့် Panel Discussion (စကားဝိုင်းဆွေးနွေးပွဲ) ကို ဇူလိုင် ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) က ထုတ်ပြန်သည်။ အဆိုပါ စကားဝိုင်းကို Logistics & Supply Chain Management Magazine၊ MHFTSA နှင့် Venture Synergy Co., Ltd တို့...

ကုလလူ့အခွင့်အရေးကောင်စီတွင် AI နည်းပညာ လက်လှမ်းမီအသုံးပြုနိုင်ရေး ပူးတွဲကြေညာချက် ထုတ်ပြန်

ဂျနီဗာ၊ ဇူလိုင် ၃ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) ၏ (၆၂) ကြိမ်မြောက် ညီလာခံအတွင်း ကျင်းပသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် တရုတ်နိုင်ငံက နိုင်ငံပေါင်း ၆၅ နိုင်ငံကိုယ်စား AI (ဉာဏ်ရည်တု) နည်းပညာကို လူတိုင်း လက်လှမ်းမီအသုံးပြုနိုင်ရေးအတွက် ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ကျားဂွိုက်ဒဲက အဆိုပါ ပူးတွဲကြေညာချက်ကို ဖတ်ကြားတင်ပြခဲ့ပြီး လူ့အခွင့်အရေးအားလုံးကို ပြည့်ဝစွာခံစားနိုင်ရန် AI နည်းပညာကို လက်လှမ်းမီအသုံးပြုနိုင်ရေးနှင့် လူ့အခွင့်အရေးကောင်စီ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071