Tuesday, September 1, 2026

အမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူနှစ်ယောက်ကို ဓားနဲ့ထိုး၊...

​ရဲကော်မရှင်နာ ဂျက်စီကာ တစ်ချ် (Jessica Tisch) က ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီအမျိုးသမီးကို လက်နက်ချဖို့ လေးမိနစ်ကြာ အကြောင်းပြ ဖြောင်းဖြခဲ့ပေမဲ့ သူမက...

ကြေကွဲစရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ–နီပေါဝန်ကြီးချုပ်

        နီပေါနိုင်ငံသည် မယုံကြည်နိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းသော ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရပြီး အာဏာပိုင်များအနေဖြင့် လူရာပေါင်းများစွာ သေဆုံးရသည့် ရေကြီးရေလျှံမှု၏ အတိုင်းအဆ ပမာဏ ကို အပြည့်အဝ...

လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတားဆီးထိန်းချုပ်ရေးအတွက်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralmba တို့ သြဂုတ် ၃၁ ရက်ကတွေ့ဆုံ၍ အ...

တရုတ်နဲ့ ဗီဇာကင်းလွတ်ခွင့် ပေးရေး၊ ယူကရိန်း...

​ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ တနင်္လာနေ့တုန်းက တရုတ်သမ္မတ ရှီကျင့်ဖိန်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ​ပူတင်က ရုရှားနဲ့ တရုတ်ကြား ဗီဇာကင်းလွတ်ခွင့်...
HomeNewsLocal Newsနိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး...

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်ကာလတွင် လူငယ်ရေးရာဝန်ကြီးဌာနကို အ သစ်ဖွဲ့စည်းပြီး လူငယ်ရေးရာမူဝါဒများချမှတ်ကာ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လူငယ်များတိုင်းတစ်ပါးနိုင်ငံများကို သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းသည် နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးရသည်ဟု ပြောသည်။

ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့နိုင်ငံကသင်ပေးလိုက်သည့် ပညာရပ်များဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို အပြည့်အဝအကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်ကြရန်လည်း တိုက်တွန်းမှာကြားခဲ့သည်။

ဘဝရှင်သန်ရပ်တည်ရေးအတွက် အတတ်ပညာတစ် ရပ်ရပ်ကို ကျွမ်းကျင်လိမ္မာဖို့လိုသကဲ့သို့ ဘာသာတရား၏ အဆုံးအမနှင့်အညီ ကိုယ်၊ နှုတ်၊ နှလုံးယဉ် ကျေးသိမ်မွေ့သူများဖြစ်ကြရန်လည်းသင်ယူရမည်ဖြစ်၍ အခြေခံပညာကျောင်းများတွင် စိတ်ဓာတ်၊ စည်း ကမ်း၊ ပညာဟူသည့် ပြည့်စုံရမည့် ဦးတည်ချက်များကို ချမှတ်သင်ကြားလေ့ကျင့်ပေးနေသည်ဟု ပြောသည်။

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုတန်ဖိုးထားမြတ်နိုးပြီး အမျိုး၊ ဘာသာ၊ သာသနာကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာ အဘက်ဘက်ကထူးချွန်ပြည့်စုံသည့် နိုင်ငံတော်ကအားကိုးထိုက်သည့် လူတော်လူကောင်းများဖြစ်လာမည်ဟု ပြောသည်။

ထို့အတူ နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာနေထိုင်တတ်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန်လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်၊ နိုင်ငံနှင့်လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့်သယ်ပိုးထမ်းရွက်ကြရန်၊ နိုင်ငံ့အနာဂတ်ကိုပညာဖြင့်ထုဆစ် ပုံဖော်နိုင်သည့် ရှေ့ဆောင်လမ်းပြကောင်းများဖြစ်စေရေး ဘဝတွင် အောင်မြင်မှုများ ရအောင် ကြိုးပမ်းကြရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ကျရာကဏ္ဍမှ တစ်တပ် တစ်အားတာဝန်ကျေပွန်အောင် ပူးပေါင်းပါဝင်သွားကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူနှစ်ယောက်ကို ဓားနဲ့ထိုး၊ တရားခံ အသေဖမ်းမိ​တနင်္လာနေ့ မွန်းလွဲပိုင်းက လူစည်ကားလှတဲ့ နယူးယောက်မြို့ တိုင်းမ်စကွဲယား (Times Square) အလယ်ခေါင်မှာ ဓားနှစ်ချောင်း ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ လမ်းသွားလမ်းလာ နှစ်ယောက်ကို အကြောင်းမဲ့ လိုက်ထိုးခဲ့တာကြောင့် အထိုးခံရသူ တစ်ဦး ‌ေ-သဆုံးသွားခဲ့ပြီး၊ သူမကို...

​ရဲကော်မရှင်နာ ဂျက်စီကာ တစ်ချ် (Jessica Tisch) က ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီအမျိုးသမီးကို လက်နက်ချဖို့ လေးမိနစ်ကြာ အကြောင်းပြ ဖြောင်းဖြခဲ့ပေမဲ့ သူမက ရဲတွေကို "ငါ ဘာမှ မချပေးနိုင်ဘူး။ မင်းတို့ နှစ်ယောက်လုံးကို သ-တ်ပ-စ်လိုက်ရတာကမှ ပိုကောင်းဦးမယ်" လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။ ​ဒီရုန်းရင်းဆန်ခတ်မှုဟာ မွန်းလွဲ ၄ နာရီ ၃၀ မိနစ် မတိုင်မီလေးမှာ စတင်ဖြစ်ပွားခဲ့တာပါ။ မစ္စတစ်ချ်ရဲ့ ပြောကြားချက်အရ အသက် ၄၉ နှစ်အရွယ် ပမဲလား ဆစ်စနဲရော့စ်(Pamela Cisneros)...

ကြေကွဲစရာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရ–နီပေါဝန်ကြီးချုပ်

        နီပေါနိုင်ငံသည် မယုံကြည်နိုင်လောက်အောင် ကြေကွဲဖွယ်ကောင်းသော ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရပြီး အာဏာပိုင်များအနေဖြင့် လူရာပေါင်းများစွာ သေဆုံးရသည့် ရေကြီးရေလျှံမှု၏ အတိုင်းအဆ ပမာဏ ကို အပြည့်အဝ အကဲဖြတ်ရန် ရုန်းကန်နေရကြောင်း ဝန်ကြီးချုပ် ဘာလန်ဒရာ ရှားက ပြောကြားခဲ့သည်။           သြဂုတ်လ ၂၆ ရက်နေ့က ကျေးရွာများနှင့် မြို့များသို့ ရေခဲ၊ ကျောက်တုံးများနှင့် အပျက်အစီးအပိုင်းအစများပါဝင်သော လှိုင်းလုံးကြီး ဝင်ရောက်ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံနယ်စပ်တလျှောက်ရှိ နီပေါနှင့် တိဘက်နှစ်ဖက်စလုံးတွင် လူ ၇၉၇ ဦး ထက်မနည်းသေဆုံးခဲ့သည်။       “မယုံနိုင်လောက်အောင် ကြေကွဲစရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်မျိုးနဲ့ ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရပါတယ်”...

လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတားဆီးထိန်းချုပ်ရေးအတွက်ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralmba တို့ သြဂုတ် ၃၁ ရက်ကတွေ့ဆုံ၍ အ ထက်ပါကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့်အတူ တပ်မတော်နှစ်ရပ်ကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေးတို့ကို ထိရောက်စွာတားဆီးနှိမ်နင်းရေးတို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှုတားဆီးထိန်းချုပ်ရေး၊ အွန်လိုင်းလိမ် လည်လောင်းကစားမှုများကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071