ဖနောင်ပင်၊ စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး (Peace Palace) ၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံအစိုးရများ၊ လွှတ်တော်များနှင့် ပြည်သူများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
