နိုင်ငံတစ်ဝှမ်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ၆ လထပ်မံတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဖေဖော်ဝါရီ ၁ ရက်(ယနေ့)တွင် သဘောထားပြန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သဘော ထားပြန်ကြားချက်အရ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တာဝန်များပြီးမြောက်ပြီဖြစ်ကြောင်း အစီရင်ခံတင်ပြရမည့်အခြေအနေ မဟုတ်သေးသည့်အပြင် သာမန်မဟုတ်သည့်အခြေအနေဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယာယီသမ္မတမှ နိုင်ငံတစ်းဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် (၆)လအထိ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း ရှိ၊ မရှိအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့သဘောထားတောင်းခံခဲ့သည်ဟု ထုတ်ပြန်ရေး သားထားသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကိုထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသောအခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆက်လက်သက် တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ယာယီသမ္မတထံ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက်တွင် သဘောထားပြန်ကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
