Tuesday, April 22, 2025

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...

နျူကလီးယားဓာတ်ပေါင်းဖို ၁၉ ခု အီရန်...

လက်ရှိလည်ပတ်နေသော နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအပြင် နောက်ထပ် ၁၉ ခုထပ်မံတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ပြောကြားသည်။ X လူမှုမီဒီယာပလက်ဖောင်းတွင် တင်ခဲ့သည့်...
HomeNewsLocal Newsနာရီဝက်သာခြား၍ ကား ၂...

နာရီဝက်သာခြား၍ ကား ၂ စီးမြောင်းထဲထိုးကျခဲ့မှု ကျောက်မဲမြို့နယ်တွင်ဖြစ်ပွား

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်၊အထက်ရဲရွာရေအားလျှပ်စစ်သို့သွားသည့်လမ်းတွင် ဇန်နဝါရီ ၂၀ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊အထက်ရဲရွာရေအားလျှပ်စစ်သွားလမ်း၏ လုပ်အင့်ကျေးရွာအနီးတွင် Hijet ကားတစ်စီးမှာ လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခန့်တွင်လည်း ယင်း လမ်းကြောင်း၏ လုပ်အင့်ကျေးရွာနှင့်မော်မာကျေးရွာကြား၌ Toyota Succeed ကားမှာလည်း လမ်းဘေးမြောင်းထဲသို့ ထပ်မံထိုးကျသွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်များအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှအဖွဲ့ဝင်များက လူနာတင်ကား ၂ စီးစီဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကား ၂ စီးလုံးမှာက ခေါင်းခန်းထဲမှ ၂ ယောက်စီပါလာတာ အဲဒီလမ်းက ဗြုံးသဲခင်းထားတဲ့လမ်းဖြစ်နေတော့ ချော်ပြီးကားတွေကလည်ပြီး မြောင်းထဲထိုးကျသွားတာ ကားတွေကျနေတဲ့တဲ့အနေအထားကိုကြည့်ရင် အရှိန်ပါလာရင် သေဆုံးနိုင်တဲ့အနေအထားတွေ အခုဖြစ်စဥ် ၂ ခုမှာ ကားပေါ်ပါ လာတဲ့လူတွေ တစ်ယောက်မှထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ကမ်းလင့်လက်များလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် မြောင်းထဲထိုးကျသွားသည့် ကား ၂ စီးအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းဝင်များက လမ်းပေါ်သို့ပြန်လည်ဆွဲတင်ပေးခဲ့ကြပြီး ကားများ၏ခေါင်းပိုင်းများမှာ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည် ထောင်ထားသော IBEC ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ၊ PLAN International နှင့် FLYDO အဖွဲ့တို့ပူးပေါင်း၍ သံတူရွင်း၊ သွပ်ကြိုး၊ အိမ်ရိုက်သံ၊ သံတူ၊ ပလာယာ၊ နိုင်လွန်ကြိုး၊ စောင်၊ ခြင် ထောင်၊ တာပေါ်လင်များကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ " လာမယ့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071