Tuesday, May 5, 2026

ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးအလား ခမ်းနားထည်ဝါခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ...

မြန်မာနိုင်ငံ၏သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ (၃၀) ရက်မှ မေလ (၂)...

ယနေ့ မေ ၅ ရက်နံနက်ပိုင်းက...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ Level 1 အဆင့်မီး လေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ ယနေ့ မေ ၅...

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ...

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ...
HomeCelebrities' Newsနာမည်ကြီး မော်ဒယ်လေးယောက်နဲ့ သင်္ကြန်သီချင်းအသစ်တစ်ပုဒ်...

နာမည်ကြီး မော်ဒယ်လေးယောက်နဲ့ သင်္ကြန်သီချင်းအသစ်တစ်ပုဒ် ဖန်တီးနေတဲ့ ပိုပို

ဂီတနဲ့ပတ်သတ်ရင် အမြဲတမ်း ပရိသတ်တွေအတွက် သီချင်းအသစ်၊ အသစ်တွေဖန်တီးပေးနေတဲ့ အနုပညာရှင်ကတော့ ပိုပိုပါ။ မကြာတော့တဲ့ရက်တွေမှာလည်း ပရိသတ်များ အားလုံးစောင့်မျှော်နေတဲ့ သင်္ကြန်အချိန်အခါကြီးက ကျရောက်တော့မှာဖြစ်ပါတယ်။ သင်္ကြန်သီချင်းအသစ်တွေ အမြဲတမ်းဖန်တီးတတ်သော ပိုပိုက ဒီနှစ်မှာလည်း သင်္ကြန်သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေလက်ထဲအရောက်ပို့ပေးတော့မှာပါ။ သင်္ကြန်သီချင်းအသစ်တစ်ပုဒ်ဖန်တီးဖြစ်နေတဲ့အကြောင်းကို ပိုပိုက…

“ပိုပို ဒီနှစ်မှာ ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်ဆိုတဲ့သင်္ကြန်သီချင်းသစ်လေးကို ပရိသတ်တွေ လက်ထဲအရောက် ပို့ပေးတော့မှာပါ။ ဒီသီချင်းက မတ်လဒုတိယပတ်လောက်အတွင်း ထွက်နိုင်အောင် ပိုပို ကြိုးစားနေတယ်။သီချင်းပုံစံက သင်္ကြန်သီချင်းဆိုတော့ သင်္ကြန်ဒိုး၊ မြန်မာဟန်ပန်နဲ့ EDM ပုံစံအရောလေးဖန်တီးထားတယ်။ သီချင်းကတော့သွင်းပြီးသွားပြီ။ ဟာမိုနီနည်းနည်းလိုက်ဖို့ကျန်တယ်။ MV ရိုက်ဖို့ကျန်တယ်။ MV က နာမည်ကြီးမော်ဒယ်လ် မင်းသားလေးယောက်နဲ့ ရိုက်မှာ ဆိုတော့ သူတို့လေးယောက်လုံးအားမယ့် အချိန်ကို ညှိနေရတယ်။ ပိုပိုက အလုပ်တစ်ခုလုပ်ပြီဆိုရင် Target တစ်ခု ထားတယ်။ ဒါပြီးရင် ဒါလုပ်မယ်၊ဒါပြီးရင် ဒါလုပ်မယ်ဆိုပြီး အမြဲတမ်းတွေးပြီးသား။မတ်လဒုတိယအပတ်လောက် ထွက်နိုင်အောင် ပိုပို ကြိုးစားနေတယ်” လို့ ပြောပြပါတယ်။

“သီချင်းထွက်ဖြစ်ရင် Youtube မှာတင်ဖြစ်မယ်ဆိုတာကိုလည်း ပိုပိုက ဒီသင်္ကြန်သီချင်းကို တစ်ပုဒ်တည်း ထွက်မယ်။ Page မှာတင်မယ်။ ဒါပေမယ့် Page ထက် Youtube မှာ အရင်တင်မယ်။ ပိုပို ရဲ့ Official Youtube ကို Subscribe များချင်တယ်။ ပိုပိုရဲ့သီချင်းလေးထွက်လာရင်လည်း ပရိသတ်တွေ ကြိုက်ကြမှာပါ။ အားပေးကြပါဦး”လို့ ပိုပိုက ပြောပြပါတယ်။

“ပိုပိုက အခုအချိန်မှာ တစ်ယောက်တည်းပါပဲ။ အသည်းကွဲတာလည်း မရှိ။ အသည်းမကွဲတာလည်းမရှိ။ တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့အတွက်ကြောင့် အချစ်ရေးနဲ့ ပတ်သတ်ပြီး ပိုပိုဘယ်လိုမှ မခံစားရပါဘူး။ အခုလက်ရှိကတော့ Single ပါပဲ။ Single အဖြစ်ပဲ နေဖြစ်သွားဦးမှာပါ”လို့လည်း သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါ၀င်း
ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available


Continue reading

ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးအလား ခမ်းနားထည်ဝါခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား

မြန်မာနိုင်ငံ၏သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ (၃၀) ရက်မှ မေလ (၂) ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲဓမ္မသဘင်နှင့် စာတမ်းဖတ်ပွဲများ ကျင်းပခဲ့ကာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အဂ္ဂမဟာသီရိသုဓမ္မ အဂ္ဂမဟာသရေစည်သူ ဦးမင်းအောင်လှိုင်၏ သာသနာရေးဆိုင်ရာ လျှောက်ထားချက်များဆောင်ရွက်ခြင်း၊ သံဃာတော်ရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် ဓာတ်ပုံပြပွဲကိုလည်း နိုင်ငံတော်သမ္မတမှ ဖွင့်လှစ်ပေးခဲ့သည်။ ယင်းဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ်မဟာမင်္ဂလာအခမ်းအနားအား ရန်ကုန်မြို့၊...

ယနေ့ မေ ၅ ရက်နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူးတိုင်းနှင့် မွန် ပြည်နယ်တို့၌ မီးလေ-ာင်မှုများဖြစ်ပွား

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ Level 1 အဆင့်မီး လေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်၊ ညောင်ဦးလမ်း တွင်မီးလေ-ာင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသ-တ်ခဲ့ကြပြီး နံ နက် ၇ နာရီ ၅၄ မိနစ်၌ Level 1 အဆင့်ဖြင့်ဆက်လက်ငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း...

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ နည်းငယ်ရှိသောငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မအူပင်မြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာ၊ အ နက်(၁၆)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၂ ရက်ကလည်း မအူပင်မြို့ကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၅)နှင့် မဂ္ဂနီကျူ့(၄ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်နှစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071