Monday, June 8, 2026

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊...

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...
HomeInternationalနယ်စပ်ဒေသ ကိုဗစ်စည်းမျဉ်းများအား ဖေဖော်ဝါရီ...

နယ်စပ်ဒေသ ကိုဗစ်စည်းမျဉ်းများအား ဖေဖော်ဝါရီ ၁၃ မှစ၍ ရုပ်သိမ်းတော့မည်ဟုစင်္ကာပူကြေငြာ

စင်္ကာပူ၊ဖေဖော်ဝါရီ ၉

စင်္ကာပူ၌ကိုဗစ်ရောဂါဆိုင်ရာသတိပေးချက်များအားလုံးကို အနိမ့်ဆုံးအဆင့်သို့လျှော့ချလိုက်တော့မည်ဖြစ်ပြီး နယ်စပ်ထိန်းချုပ်မှုအစီအစဉ်များအားလုံးကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစကာ ရုပ်သိမ်းပေးတော့မည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်းမှာ တစ်ကမ္ဘာလုံးရှိကိုဗစ်ထိန်းချုပ်နိုင်မှုအခြေအနေတိုးတက်လာခြင်းနှင့် စင်္ကာပူ၏ကျန်းမာရေးစောင့်ရှောက်မှုအပေါ်သက်ရောက်မှုရှိသည့် ကိုဗစ်အခြေအနေ လေျာ့နည်း လာခြင်းတို့ကြောင့်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နိုင်ငံအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းစသည့် ပြည်တွင်းသတ်မှတ်ချက် စည်းမျဉ်းများအားလုံးနီးပါးကိုလည်းလျှော့ချပေးတော့မည်ဟုလည်းဆိုသည်။နယ်စပ်ထိန်းချုပ်မှုအားလုံးကိုလျှော့ချလိုက်သည်နှင့် ကာကွယ်ဆေးမထိုးထားသည့်ခရီးသွားများအပါအဝင် ခရီးသွားများသည် ကိုဗစ်စစ်ဆေးမှုရလဒ်များကိုပြသရန်မလိုတော့ကြောင်းလည်းဖော်ပြထားသည်။

ယခုအချိန်၌တင်းကြပ်မှုများကိုလျှော့ချလိုက်သော်လည်း နိုင်ငံတကာအတိုင်းအတာအရ ကိုဗစ်နှင့်ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေပြန်ဖြစ်လာပါက အခြေနေများကိုပြန်လည်တင်းကြပ်မည်ဟုလည်းပြောကြားခဲ့သည်။

ကိုဗစ်စည်းမျဉ်းများဖြေလျှော့ပေးလိုက်သော်လည်း ခရီးသွားများအနေဖြင့် အသည်း ရောင်အသားဝါရောဂါ၊ကိုဗစ်မျိုးနွယ်ဝင် MERS ရောဂါနှင့်အီဘိုလာကဲ့သို့သောရောဂါများအတွက်မူ ဆက်လက်စစ်ဆေးခံရမည်ဟုလည်းဆိုခဲ့သည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊ လူငယ်တစ်ဦး ဖမ်းဆီးရမိထား

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏ မှန်အချို့ ပျ-က်စီးခဲ့ပြီး ခရီးသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က မှန်ပါတယ်။ ခဲနဲ့ပစ်တဲ့သူတွေထဲက လူငယ်တစ်ဦးကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရထားတာဝန်ရှိသူများက ရထားကို နောက်ပြန်ဆုတ်၍ ပ-စ်ပေါက်သူများအား လိုက်လံရှာဖွေခဲ့ရာ လူငယ်များမှာ ထွက်ပြေးသွားခဲ့ကြပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူအား...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071