Sunday, June 14, 2026

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀...

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့...

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသနိုင်သည့် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်အတွင်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေရာ၌ ခေတ်မီစက်ကြီးများဖြစ်သည့် SPECT-CT နှင့်...
HomeInternationalနယူးယောက်မြို့ ဆယ်လူလာဝန်ဆောင်မှုကို ရပ်တန့်နိုင်သည့်...

နယူးယောက်မြို့ ဆယ်လူလာဝန်ဆောင်မှုကို ရပ်တန့်နိုင်သည့် ကွန်ရက်ကို Secret Service ဖြိုခွင်း

ကမ္ဘာ့ခေါင်းဆောင် ၁၅၀ နီးပါး ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် မန်ဟက်တန်သို့ လာရောက်ရန် ပြင်ဆင်နေချိန်တွင် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး (Secret Service) အဖွဲ့သည် နယူးယောက်ဧရိယာတစ်ဝန်းလုံးတွင် လျှို့ဝှက်စွာရှိ‌နေသော ကြီးမားသည့်တယ်လီကွန်းကွန်ရက်တစ်ခုကို တိတ်တဆိတ် ဖြိုခွင်းခဲ့သည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ဤစနစ်သည် မြို့တော်ကို အားအနည်းဆုံးအချိန်တွင် ဆဲလ်တာဝါများကို ရပ်တန့်စေနိုင်ခြင်း၊ ၉၁၁ အရေးပေါ်ဖုန်းခေါ်ဆိုမှုများကို အနှောင့်အယှက်ပေးခြင်းနှင့် ကွန်ရက်များကိုရှုပ်ထွေးအောင် ပြုလုပ်နိုင်ခြင်းတို့ ဖြစ်နိုင်သည်ဟု သိရသည်။။

ကုလသမဂ္ဂ၏ ၅၆ ကီလိုမီတာ (၃၅ မိုင်) ပတ်လည်တွင် စုစည်းထားသည့် ဆင်းမ်ကတ် ၁၀၀,၀၀၀ ကျော် ပါဝင်သော ဆင်းမ်ဆာဗာ ၃၀၀ ကျော်သည် အမေရိကန်မြေပေါ်တွင် တွေ့ရှိခဲ့သမျှ ဆက်သွယ်ရေးဆိုင်ရာ အကြီးမားဆုံး ခြိ-မ်းခြေ-ာက်မှုများထဲမှ တစ်ခုဖြစ်သည်။ ဤစနစ်သည် နေ့စဉ်ဘဝအတွက်သာမက အရေးပေါ်တုံ့ပြန်မှုနှင့် အကြ-မ်းဖ-က်မှုတန်ပြန်ရေးအတွက်ပါ ဆယ်လူလာဝန်ဆောင်မှုအပေါ် မှီခိုနေရသော မြို့တစ်မြို့အတွက် ဆယ်လူလာဝန်ဆောင်မှုအားလုံးကို ပိ-တ်လိုက်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက သတိပေးသည်။

နိုင်ငံခြားခေါင်းဆောင်များ မြို့လယ်ရှိ ဟိုတယ်များသို့ ရောက်ရှိပြီး မက်ဟက်တန်တွင် မော်တော်ယာဉ်တန်းများဖြင့် ပြည့်နှက်နေချိန်တွင်  Secret Service အရာရှိများက အင်္ဂါနေ့က ပြောကြားခဲ့သည်မှာ ဤဖမ်းဆီးမှုသည် ခေတ်မီမြို့တစ်မြို့ကို ချိတ်ဆက်ပေးထားသည့် မမြင်ရသော အခြေခံအဆောက်အအုံကို ပ-စ်မှတ်ထား လုပ်ကြံမှုများကဲ့သို့သော အန္တရာယ်နယ်ပယ်သစ်တစ်ခုကို မီးမောင်းထိုးပြနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အစိုးရအကြီးတန်းအရာရှိများကို ပစ်မှတ်ထားသည့် တယ်လီကွန်းခြိမ်းခြောက်မှုများအား Secret Service အဖွဲ့၏ ပိုမိုကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဤကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နေရာအများအပြားတွင် ဖြန့်ကျက်ထားသည့် ဤဆာဗာများသည် ဖုန်းအတုများကဲ့သို့ လုပ်ဆောင်နိုင်ပြီး အစုလိုက်အပြုံလိုက် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုများပို့ခြင်း၊ ဒေသတွင်းကွန်ရက်များကို လွှမ်းမိုးခြင်းနှင့် ရာဇဝတ်ကောင်များ၏ ကုဒ်ဝှက်ထားသော ဆက်သွယ်မှုများကို ဖုံးကွယ်ပေးနိုင်ကြောင်း  Secret Service အရာရှိများက ပြောသည်။

“ဒီစနစ်က ဘာတွေလုပ်နိုင်တယ်ဆိုတာကို အလေးမထားဘဲ မနေသင့်ဘူး” ဟု Secret Service အဖွဲ့၏ နယူးယောက်ရုံးခွဲမှ အထူးကိုယ်စားလှယ် မက်တ် မက်ကူးလ်က ပြောသည်။ “ဒါက ဆယ်လူလာတာဝါတွေကို ရပ်တန့်ပစ်နိုင်တယ်၊ အဲဒီအခါမှာ လူတွေ ဆက်သွယ်လို့ မရတော့ဘူး။ …စာတိုပို့လို့ မရတော့ဘူး၊ ဖုန်းကို သုံးလို့ မရတော့ဘူး။ ဒါကို ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ဆက်စပ်တဲ့ အခြားအဖြစ်အပျက် တစ်ခုခုနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ စဉ်းစားသာကြည့်လိုက်ပါ – မြို့အတွက်တော့ အကြီးအကျယ်ပျ-က်စီးနိုင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

သို့ရာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဖျ-က်ဆီးမည့် တို-က်ရို-က်လုပ်ကြံမှုတစ်ခုကို ၎င်းတို့ မတွေ့ရှိရသေးကြောင်းနှင့် နယူးယောက်မြို့အပေါ်သိရှိထားသော ယုံကြည်ရသည့် ခြိ-မ်းခြေ-ာက်မှုများ မရှိကြောင်းကိုလည်း  Secret Service အရာရှိများက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီးလိဂ်တွင် ဧရာဝတီအသင်း ထိုင်း ယူ-၂၀ လက်ရွေးစင် တိုက်စစ်ကစားသမားကိုထပ်မံ ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက် အမျိုး သမီးဘောလုံးအသင်းသည် ယခုရာသီအတွက် ပြည်ပကစားသမား ခေါ်ယူအားဖြည့်မှုအဖြစ် ထိုင်းနိုင်ငံ ယူ-၂၀ အမျိုးသမီးလက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးဖြစ်သူ နတ်ချာနော့ခ် (Nachanok Kosonsaksakul)ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်သည်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးသော်လည်း ခြေစွမ်းပြည့်ဝသည့် တိုက်စစ်ကစားသမား နတ်ချာနော့ခ်သည် ထိုင်းနိုင်ငံ ယူ-၁၇ နှင့် ယူ-၂၀ လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် ထိုင်းကလပ် ဖရာနာခွန် (Phranakorn FC)အသင်းအပြင်၊ အမေရိကန်အခြေစိုက် စတန်တွန်တက္ကသိုလ်...

မရမ်းကုန်းမြို့နယ်တွင် ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကွင်းဆင်းဆေးကုသပေးမည်

လာမည့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၈ ရက် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၌ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးကုသမှုအစီအစဉ်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးရောဂါကုဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ မျက်စိဆေးရုံကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းနှင့် ဦးခေါင်းဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မည်သူမဆို နံနက် ၈ နာရီမှစတင်ကာ လာရောက်ပြသနိုင်မည်ဖြစ်သည်။ ထိုသို့ ဆေးကုသပေးရာတွင် အထွေထွေအထူးကု၊ ဆီးချိုနှင့် ဟော်မုန်းအထူးကု၊...

နှစ်နိုင်ငံ သဘောတူညီချက်ကို ဒီ‌နေ့ လက်မှတ်ထိုးမယ်လို့ ထရမ့်ကပြောပေမဲ့ အီရန်ဘက်ကတော့ အချိန်နဲ့ပတ်သက်ပြီး ငြင်းဆိုထား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲကို ရပ်တန့်ဖို့ သဘောတူညီချက်ကို တနင်္ဂနွေနေ့မှာတင် လက်မှတ်ထိုးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ အဲဒီအချိန်ဇယားကို လက်မခံဘဲ လက်မှတ်ထိုးဖို့ဟာ "လာမယ့်ရက်ပိုင်းအတွင်း" ဖြစ်လာနိုင်တယ်လို့သာ ဆိုပါတယ်။ သဘောတူညီချက် ရသွားရင် ဟော်မုဇ်ရေလက်ကြားကို "လူတိုင်းအတွက် ဖွင့်ပေးမယ်" လို့ ထရမ့်က ပြောပြီး အီရန်ရဲ့ နျူကလီးယားပစ္စည်းတွေကို အမေရိကန်က နောက်ဆုံးမှာ ရယူသွားနိုင်မယ်လို့လည်း ကြွေးကြော်ထားပြန်ပါသေးတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ လက်ဘနွန်အထိ အကျုံးဝင်ရမယ်လို့ အီရန်ဘက်က တောင်းဆိုထားပေမဲ့ အစ္စရေးတပ်ဖွဲ့တွေကတော့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတာကြောင့် လက်ဘနွန်တောင်ပိုင်းမှာ ပေါက်ကွဲမှုတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071