Friday, May 1, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...
HomeNewsLocal Newsနတ်မောက်တွင် မိုးသည်းထန်ပြီး  ရေကြီးနေ

နတ်မောက်တွင် မိုးသည်းထန်ပြီး  ရေကြီးနေ

မကွေးတိုင်း၊ နတ်မောက်မြို့တွင် ယနေ့ စက်တင်ဘာ (၂၈) ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး‌ရေလျံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိ၌ နတ်မောက်မြို့ ဈေးရပ်ကွက်နှင့် အောင်ဆန်းရပ်ကွက်တို့တွင် ယနေ့ နံနက်က စတင်ကာ နေအိမ်ထဲရေများ ဝင်ရောက်မှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ဒေသခံအိမ်ထောင်စုများကို  ရေဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း မီးသ-တ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

” (၁၁) နာရီမှာ ဖုန်းလိုင်းများ ပြန်ဆက်သွယ်ရတယ်၊ ကျွန်တော်တို့ကျေးရွာ အန္တရာယ်ကင်းဘေးရှင်းပါတယ်၊  စိတ်ပူစရာမရှိပါ။ MPT လိုင်းများပြ-တ်တေ-ာက်နေတုန်းပဲ” ဟု ဒေသခံတဦးက ပြောသည်။

ထို့အတူ နတ်မောက်မြို့နယ်၊ မယ်ဇလီပင် ကျေးရွာတွင်လည်း ယမန်နေ့ညက ရေတက်မှုကြောင့် အိမ်တစ်လုံးနှင့် မိသားစုတစ်စု ရေထဲပါသွားသည်ဟု မယ်ဇလီပင်ကျေးရွာခံများက သိရသည်။

“လက်ခုပ်ပင်ရွာချောင်းမှာ dead body နှစ်လေ-ာင်းတွေ့ပါတယ်၊ အခု ယင်းချောင်းရေလည်း အတော်တိုးနေပါတယ်၊ စျေးသာရွာလည်း ရေတက်နေတယ်” ဟု ဒေသခံများက မျှဝေနေကြသည်။

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော အပူပိုင်းမုန်တိုင်း”ဘူအလွိုင်”မှ ပြ-တ်ထွက်လာသောတိမ်တို-က်များအပါအဝင် ရာသီဥတုအခြေအနေများကြောင့် စက်တင်ဘာ (၂၆)ရက် ညနေမှ အောက်တိုဘာ (၂) ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်သည်ဟု မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး ယင်းရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟုလည်း မိုးဇလကအသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး "ထူးမခြားနား" သီချင်းကို မြန်မာ့စောင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ သင်္ဂါယနာအမေးအဖြေနှင့် ဩဝါဒကထာများ ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရတို့က သုတ္တန္တပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေ ပြုလုပ်ပူဇော်ခဲ့ကြပြီး သံဃာတော် ၁၅ ပါးတို့က စုပေါင်းသံပြိုင် ရွတ်ဆိုခဲ့ကြသည်။...

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071